![]() |
| အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ ဆန္ဒပြသူတွေ တောင်းဆို (Credit: AFP) |
အမျိုးသမီးတချို့ အက်ဆစ်ပက်ခံ ရတယ်ဆိုတဲ့ သတင်းတွေကြောင့် အဲဒီလုပ်ရပ်ကို ဆန့်ကျင်တဲ့ အနေနဲ့ လူပေါင်း ၁၀၀၀ လောက်က အီရန်နိုင်ငံ အလယ်ပိုင်း Isfahan မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက 'Isfahan ဟာ ကျနော်တို့ရဲ့ နိုင်ငံ၊ လုံခြုံရေးဟာ ကျနော်တို့ရဲ့အခွင့်အရေး" ဆိုတဲ့ ဆောင် ပုဒ်တွေကိုင်ဆောင်ပြီး ဆန္ဒပြကြတာလို့ ဆိုပါတယ်။
အဲဒီမြို့ဟာ မြို့တော် Tehran မြို့နဲ့ ကီလိုမီတာ ၄၅၀ အကွာမှာရှိပြီး ကမ္ဘာလှည့်ခရီးသည်တွေ အသွားအလာ များတဲ့ ဒေသဖြစ်ပါတယ်။
၁၉၇၉ ခုနှစ်မှာ ထုတ်ပြန်တဲ့ အစ္စလာမ်မစ် ဥပဒေအရ အမျိုးသမီးတွေဟာ ပွယောင်းတဲ့ ဝတ်ရုံ chador နဲ့ hijab လို့ခေါ်တဲ့ ခေါင်း၊ လည်ပင်းနဲ့ ဆံပင်ကို ဖုန်းအုပ်ထားတဲ့ ခေါင်းပေါင်းကို ပေါင်းဖို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ဒီနေ့ ခေတ်မှာတော့ အမျိုးသမီး အများစုက ကုတ်အကျီ င်္ အရှည်နဲ့ အလုံပိတ်မထားတဲ့ ခေါင်းပေါင်း ကိုသာ ပေါင်းလာကြတာ ဖြစ်ပါတယ်။
အမျိုးသမီး ကားမောင်းသမားတွေအနေနဲ့ ကားတံခါးနဲ့ ပြတင်းပေါက်တွေကို အမြဲတမ်း ပိတ်ချထားဖို့လည်း တိုက်တွန်းနေကြပါတယ်။
အက်ဆက် ပက်ခံရတဲ့ အမျိုးသမီးတစ်ဦးကို အီရန် ကျန်းမာရေးဝန်ကြီးက သွားရောက် သတင်းမေးခဲ့ပါ တယ်။
အဲဒီအမျိုးသမီးဟာ တက္ကသိုလ်ကျောင်းသူ ဖြစ်ပြီး ကားမောင်းနေတုန်း ဆိုင်ကယ်မောင်းနှင်လာတဲ့လူက သူ့ကို အက်ဆက်နဲ့ ပက်လိုက်တဲ့အတွက် ညာဘက်မျက်လုံး ကွယ်ခဲ့ရပါတယ်။
အဲဒီလို တိုက်ခိုက်မှုမျိုးဟာ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ အိန္ဒိယနိုင်ငံမှာလည်း ဖြစ်လေ့ဖြစ်ထ ရှိတယ်လို့ သိရပါတယ်။
ABC Radio Australia

မှတ်ချက်များ