မြန်မာ အလုပ်သမား ၂ဦးရဲ့ ရှေ့နေ ဦးအောင်မျိုးသန့်နဲ့ အင်တာဗျူး
ထိုင်းနိုင်ငံ ကော့တောင်းကျွန်းမှာ ဗြိတိန်လူမျိုး နှစ်ဦးကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာ အလုပ်သမား ၂ဦးရဲ့ အမှုနဲ့ ပတ်သက်လို့ ထိုင်းရဲတွေက အစိုးရသက်သေအဖြစ် ထိန်းသိမ်းခေါ်ဆောင်ထားတဲ့မောင်မောင်
နဲ့ ဒီကနေ့မှာ မြန်မာသံရုံးက ကိုယ်စားလှယ်အဖွဲ့ တွေ့ခွင့်ရခဲ့ပါတယ်။
မြန်မာ အလုပ်သမား ၂ဦး အနေနဲ့ ဒီလို ပြစ်မှုကို ကျူးလွန်လိမ့်မယ်လို့ သူမထင်ကြောင်း မောင်မောင်က သူနဲ့
တွေ့ဆုံခွင့်ရခဲ့တဲ့ ဥပဒေ အကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်ကို ပြောခဲ့ပါတယ်။
မောင်မောင်နဲ့ တွေ့ဆုံ ပြောဆိုခဲ့တဲ့အကြောင်း အပြည့်အစုံ သိရဖို့ ဦးအောင်မျိုးသန့်ကို ဆက်သွယ် မေးမြန်း ထားပါတယ်။
BBC Burmese

မှတ်ချက်များ