ဇာဂနာ ဖွင့်လှစ်မယ့် သရုပ်ဆောင်နဲ့ ကင်မရာရိုက်ကူးနည်း သင်တန်း


စွယ်စုံရ အနုပညာရှင် ဇာဂနာ တည်ထောင်ထားတဲ့ House of Media & Entertainment (Home)က လက်
တွေ့ကျတဲ့ သရုပ်ဆောင်သင်တန်းနဲ့ ကင်မရာ ရိုက်ကူးနည်းသင်တန်းတွေကို စတင်ဖွင့်လှစ် သင်ကြားပေး
တော့မှာပါ။

Home ဟာ အနုပညာနဲ့ပတ်သက်တဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို လုပ်ဆောင် ပေးနေတဲ့ နေရာတခုဆိုရင် လည်း မမှားပါဘူး။

၂၀၁၂ ခုနှစ် ဇွန်လက စတင်တည်ထောင်ခဲ့တဲ့ Home က The art of Freedom Film Festival ဆိုတဲ့ ရုပ်ရှင် ပွဲတော်များကို နှစ်နှစ်ဆက်တိုက် လုပ်ဆောင်အပြီးမှာတော့ ဒါရိုက်တာသင်တန်းနဲ့ တည်းဖြတ်သင်တန်းတွေ ကို သင်ကြားပေးခဲ့ဖူးပေမယ့် သရုပ်ဆောင်သင်တန်းနဲ့ ကင်မရာရိုက်ကူးနည်း သင်တန်းတွေ သင်ကြားမပေး ခဲ့ဖူးတာကြောင့် အခုလို စတင်သင်ကြားပေးဖို့ ဖြစ်လာတယ်လို့ သိရပါတယ်။

Home Arts အနုပညာသင်တန်းမှာ သင်တန်းသားတွေအတွက် သီအိုရီတွေနဲ့ သင်ကြားခြင်း မဟုတ်ဘဲ လက်တွေ့ချက်ချင်း သရုပ်ဆောင်နိုင်ဖို့ကို အဓိက ဦးစားပေး သင်သွားမယ်လို့ သိရပါတယ်။

လက်တွေ့ ချက်ချင်း သရုပ်ဆောင်ဖို့ဆိုတော့ ဘယ်လို ပုံစံမျိုးနဲ့ သင်ကြားမှာလဲ။ “ပထမဆုံးလမှာ အခြေခံ သင်ပေးမယ်။ သင်တဲ့အခါ လက်တွေ့ ဇာတ်ညွှန်းနဲ့ ပထမ အသံချည်း သရုပ်ဆောင်ရမယ်။ အသံ၊ လေယူ
လေသိမ်းမှန် မှ အမူအယာနဲ့ ပေါင်းစပ်တာမျိုး ဆက်သင်ပေးမယ်။ အဲဒီအဆင့်ကို ဦးအောင်လွင်က သင် ကြားပေးပါ့မယ်။

ကင်မရာရှေ့ မှာ ဘယ်လို သရုပ်ဆောင်ရမယ် ဆိုတာကိုတော့ ဒါရိုက်တာ ဦးဟိန်းစိုးက သင်ပါ့မယ်။ ပထမ လပြီးရင် နောက်ထပ် ၃ လ မှာ အဆင့်မြင့် သင်ရမယ်။ ကျွမ်းကျင်ရာပိုင်နိုင်အောင် ဆိုပါတော့။ အလွမ်း၊ အကြမ်း၊ ဟာသ စသဖြင့် သင်ပေးမယ်။ နောက်ဆုံးလမှာတော့ တကယ့် ရုပ်ရှင် ရိုက်ဖို့ ဇာတ်ညွှန်းနဲ့ ကင် မရာနဲ့ လေ့ကျင့်မယ်။ ဒါကြောင့် ၅ လ အပြီးမှာ တကယ့်သရုပ်ဆောင်လုပ်လို့ ရပါပြီ။” လို့ ဦးဇာဂနာက ရှင်းပြပါတယ်။

ဒါ့အပြင် တဖက်မှာလည်း ကင်မရာ ရိုက်ကူးနည်း သင်တန်းသားတွေကလည်း လက်တွေ့ကျတဲ့ ကင်မရာ ရိုက်ကူးမှုတွေကို သင်ကြားနေကြရမှာပါ။

ဒီလို သင်တန်းအပြီးမှာ သရုပ်ဆောင် သင်တန်း၊ ကင်မရာ သင်တန်းက ထူးချွန်ထက်မြက်တဲ့ သင်တန်း သားတွေအတွက် ဇာတ်လမ်းတွဲတွေနဲ့ ဇာတ်ကားတွေ ရိုက်ကူးပေးဖို့ စီစဉ်ဆောင်ရွက်ထား ပါသေးတယ်။

“ဒီလို ဇာတ်လမ်းတွဲတွေနဲ့ ဇာတ်ကားတွေကို သင်တန်ဆင်း သရုပ်ဆောင်တွေက သရုပ်ဆောင်မယ်။ သင် တန်းဆင်း ကင်မရာသမားတွေကပဲ ရိုက်ကူးရမယ်။ နောက်ပြီး နိုင်ငံခြားက သင်တန်းနည်းပြတွေ ခေါ်ဖို့ စီ စဉ်နေပါတယ်။ နိုင်ငံခြားကျောင်းတွေနဲ့ ချိတ်ဆက်ပြီး လုပ်နိုင်အောင် အင်္ဂလန်က Goldsmith နဲ့  စကား
ပြောနေပါတယ်။”

သင်တန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ Home ရုံးခန်းမှာ သွားရောက်စုံစမ်းနိုင်ကြောင်းလည်း သိရပါတယ်။

သဲသဲ

မှတ်ချက်များ