ဝန်ကြီးက ဝနေလို့ ဝေဖန်ခံရ
ဘယ်လ်ဂျီယံနိုင်ငံက ကျန်းမာရေး ဝန်ကြီး မက်ဂျီဒီဘလော့ခ်ဟာ ဝလွန်းတဲ့ခန္ဓာကိုယ်အတွက် အတော်
လေး ဝေဖန်ခံနေရပြီး အလုပ်ကထွက်ရဖို့အထိ ဖိအား တွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဝန်ကြီးချုပ်အထိ ရွေးချယ်ခံဖို့ လျာထားခံရဖူးတဲ့ မက်ဂျီဒီဘလော့ခ်(၅၂နှစ်)ဟာ မကြာသေးခင်ကာလကမှ ကျန်းမာရေးဝန်ကြီးတာဝန်ကို ခန့် အပ်ခံထားရခြင်းဖြစ်ပါတယ်။
ဒါပေမဲ့ အဝလွန် ရောဂါပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ် နေတဲ့ နိုင်ငံမှာ ကျန်းမာရေးဝန်ကြီးသစ်အ
ဖြစ် ရွေးချယ်ခံရသူက ခန္ဓာကိုယ်အလေးချိန် ပေါင် ၂၈ဝတောင်ရှိနေတာက ဝေဖန်ကဲ့ရဲ့စရာထက် ဟာသ တစ်ခုလို ဖြစ်လို့နေပါတယ်။
ကျန်းမာရေးဝန်ကြီးအသစ် မက်ဂျီ ဒီဘလော့ခ်ကတော့ ”သင့်အနေနဲ့ အပြင်ပိုင်း ထက်အတွင်းပိုင်းအခြေ အနေကို ကြည့်သင့် တယ်”လို့ ဝေဖန်ဟာသပြုလုပ်သူများကို ပြန် လည် တုံ့ပြန်ပြောဆိုထားပါတယ်။
ကျန်းမာရေးဝန်ကြီးတစ်ယောက် အနေနဲ့ မက်ဂျီဒီဘလော့ခ်က အများဝေဖန်နေ သလို သိပ်ဝနေသလား ဆိုတာကတော့ ပရိသတ် တွေ ကိုယ်ပိုင်ဆုံးဖြတ်နိုင်ဖို့ ပုံနှင့်တကွဖော်ပြပေး လိုက်ပါတယ်။
Yangon Media Group

မှတ်ချက်များ