အောက်​တိုဘာလကုန်​ သို့မဟုတ် ​နိုဝင်​ဘာလဆန်း ရွေးကောက်ပွဲလုပ်မည်


ရွေး​ကောက်​ပွဲကို ၂၀၁၅ ​အောက်​တိုဘာလကုန်​ သို့မဟုတ် ​နိုဝင်​ဘာလဆန်းမှာ ကျင်းပမယ်​လို့ ​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ဥက္ကဋ္ဌ ဦးတင်​​အေးက​ ပြောကြားလိုက်ပါတယ်။

အောက်​တိုဘာ ၂၀ ရက်​​နေ့ ​ရွေး​ကောက်​ပွဲ​ကော်​မရှင်​နဲ့ အရပ်​ဘက်​အဖွဲ့အစည်း​​တွေ တွေ့ ဆုံပွဲမှာ ​ပြောကြား လိုက်တာပါ။

ဒီနေ့မနက်က လွှတ်တော်ကို တက်ရောက်လာတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစု ကြည်က “ဒီမိုကရေစီလမ်းကြောင်းကို မှန်မှန်သွားနေတယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတရုံနဲ့ လွတ်လပ်ရုံတင်မက အချိန်မီ လုပ်ရမယ်။ သူ့အချိန်မှာ သတ်မှတ်ထားတဲ့ အချိန်အတိုင်း လုပ်ရမယ်။

ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ပထမရွေးကောက်ပွဲထက် အမြဲပဲ ဒုတိယရွေး
ကောက်ပွဲဟာ ပိုပြီး အရေးကြီးတယ်” လို့ သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်ဦးလွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့လည်း ဒီနေ့ တွေ့ဆုံခဲ့ပါ တယ်။ (ဓာတ်ပုံ – ကျော်ဇေယျာဝင်း)



DVB

မှတ်ချက်များ