ဒေါ်လာ ၁.၃၅ သန်းနဲ့ရောင်းချလိုက်တဲ့ “Easy Rider” ဇာတ်ကားထဲက သမိုင်းဝင် မော်တော်ဆိုင်ကယ်


၁၉၆၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် ဇာတ်လမ်းတစ်ခုဖြစ်တဲ့ “Easy Rider” ဇာတ်ကားထဲက သမိုင်းဝင်
မော်တော်ဆိုင်ကယ် ဟာ စနေနေ့ညက Profiles In History လေလံရုံးမှာ ဒေါ်လာ ၁.၃၅ သန်းနဲ့ ရောင်းချ လိုက်တယ်လို့ သိရပါတယ်။

သာမန် Harley-Davidson ဆိုင်ကယ်တစ်စီးထက် ပိုပြီးအဓိပ္ပါယ်ရှိတဲ့ အမေရိကန် အလံ ပုံစံ အရောင်ခြယ် ထားတဲ့ သမိုင်းဝင် မော်တော်ဆိုင်ကယ်ဟာ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးရိုးရာဓလေ့ ကို ဖော်ကျူးတဲ့ ရုပ်ရုင်အတွက် သီးသန့်ပြုလုပ်ထားခဲ့တာဖြစ်ပြီး Dennis Hopper နဲ့ Peter Fonda တို့ အဓိက သရုပ်ဆောင် ထားတဲ့ ထို “Easy Rider” ဇာတ်ကားထဲမှာ အနည်းငယ် ပါဝင် သရုပ်ဆောင် ခွင့်ရခဲ့တဲ့ Dan Haggerty က
ပြန်လည် လေလံတင်ရောင်းချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Dan Haggerty ကတော့ ထိုလေလံတင်ရောင်းချခဲ့တဲ့ ဆိုင်ကယ်ဟာ ဇာတ်လမ်းထဲမှာပါဝင်ခဲ့တဲ့ ဆိုင်ကယ်
တွေထဲမှာ တစ်စီးတည်းသာ ကျန်ရှိတော့တဲ့ မော်တော်ဆိုင်ကယ် ဖြစ်တယ်လို့ အခိုင်အမာ ဆိုထားပေမယ့်
မော်တော်ဆိုင်ကယ် စု ဆောင်းသူတစ်ဦးဖြစ်တဲ့ တက္ကဆက်မြို့သား Gordon Granger က Dan Haggerty မှာ နောက်ထပ် ဆိုင်ကယ်တွေ ရှိဦးမယ်လို့ ယုံကြည်နေပါတယ်။ ယခု လေလေံတင်ပွဲမှာ ဆိုင်ကယ်ကို ၀ယ် ယူသွားတဲ့ သူရဲ့ အမည်ကိုတော့ ဖော်ပြခြင်းမရှိခဲ့ပါဘူး။

Trend Myanmar

မှတ်ချက်များ