ပညာအရည်အချင်းချို့တဲ့မှုကြောင့် အိန္ဒိယအမျိုးသမီးတစ်ဦး ခင်ပွန်းရဲ့ စွန့်ပစ်ခြင်းခံရ
အိမ်ရှင်မတစ်ဦးဖြစ်သူ Shweta က အောင်မြင်တဲ့ Union Public Service Commission (UPSC) စာမေး ပွဲဖြေဆိုထားတဲ့ ခင်ပွန်းဖြစ်သူ Kunal ကို မကျေနပ်ချက် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ယောင်္ကျားဘက်မှ
ဆွေမျိုးအိမ်ကို အလည်သွားရာမှာ ပညာအရည်အချင်းချို့တဲ့မှုကြောင့် မောင်းထုတ်ခံရတယ်လို့ တိုင်တန်း ချက်ထဲမှာ သူမပြောဆိုခဲ့တယ်။
သို့ပေမဲ့လည်း အမျိုးသမီးများအဖွဲ့အစည်းကို ဖော်ပြပြောဆိုရာမှာ Kunal ရဲ့မိဘတွေက “ဒီတိုင်ကြားချက် မှာ အစိုးရဝန်ထမ်းတစ်ဦးဖြစ်လာတော့မယ့် Kunal ကို အပိုင်ချုပ်ဖို့ ကြံရွယ်နေတာပဲဖြစ်တယ်”လို့ ဖော်ပြခဲ့ ပါတယ်။ “အမှန်မှာတော့ Kunal က သူ့ UPSC စာမေးပွဲ မအောင်မီအချိန်ကတည်းက Shweta ကို လူ့ရှေ သူရှေ့မှာ ကွာရှင်းပြတ်စဲခဲ့တာပါ” လို့ Kunal ရဲ့ ဖခင်က ပြောဆိုခဲ့တယ်။
အမျိုးသမီးများအဖွဲ့အစည်းသို့ သူမရဲ့တိုင်ကြားချက်ထဲမှာတော့ Kunal ကို ၂၀၀၉ နိုဝင်ဘာလထဲမှာ လက် ထပ်ခဲ့တာ လို့ သူက ဆိုထားပါတယ်။ သို့ပေမဲ့ အိမ်ထောင်ပြုပြီးလို့ မကြာခင်မှာပဲ ယောက်ျားဘက်ကဆွေ မျိုးများက သူ့ကို သေးအဖွဲကိစ္စများနဲ့ အနှောက်ယှက် ဒုက္ခပေးလာခဲ့တယ်လို့ ပါရှိပါတယ်။
ရဲတစ်ယောက်ရဲ့ သမီးလည်းဖြစ်တဲ့ Shweta ဟာ ပညာရေးမှာ အားနည်းမှုကြောင့် မကြာခဏ အရှက်ရခဲ့ တယ်လို့ တိုင်ကြားချက်ထဲမှာ သူမက ဆိုထားပါတယ်လို့ အမျိုးသမီးအဖွဲ့အစည်းက အကြီးအကဲများက
ပြောဆိုခဲ့ကြတယ်။
သူ့ခင်ပွန်းပညာအရည်အချင်းနဲ့ ဂုဏ်သိက္ခာကို ယှဉ်နိုင်ဖို့ မိဘအိမ်သို့ မဟာဝိဇ္ဇာပညာသွားရောက်သင် ကြားခဲ့တဲ့နောက်ပိုင်းမှာတောင် ခင်ပွန်းရဲ့ အမျိုးတွေက သူမကို လက်ခံဖို့ ငြင်းဆိုကြသေးတယ်လို့ Shweta က ဖော်ပြခဲ့တယ်။
အမျိုးသမီးအဖွဲ့အစည်း ခေါင်းဆောင်အရာရှိတွေက ဆင့်ခေါ်ခံရတဲ့အချိန်မှာ Kunal ရဲ့အဖေက Kunal ဟာ ၂၀၁၄ ခုနှစ် မေလမှ သူ့ရဲ့ UPSC စာမေးပွဲဖြေဆိုအောင်မြင်ခဲ့ပြီး တခြားကျောင်းတက်ဖော်သူငယ်ချင်းများ နဲ့ အတူ Hyderabad မှာ လေ့ကျင့်ရေးသင်တန်းတက်နေတယ်လို့ ပြောဆိုခဲ့တယ်။
Shweta ကို ၂၀၁၄ ခုနှစ် ဖေဖဝါရီလတွင် လူရှေ့သူရှေ့မှာ ကွာရှင်းခဲ့ပြီး Kunal UPSC စာမေးပွဲမအောင်မီ အချိန်အစောပိုင်းကတည်းက သူမအတွက်ရသင့်ရထိုက်တာအကုန် ပေးထားပြီးဖြစ်ကြောင်းလည်း Kunal ရဲ့ ဖခင်က ဖော်ပြပြောဆိုခဲ့တယ်လို့ အမျိုးသမီးအဖွဲ့အကြီးအကဲများက ပြောဆိုထားတယ်။
လက်ထောက်ရဲမင်းကြီးဖြစ်တဲ့ Dr Kanan Desai က သူတို့ Shweta ရဲ့တိုင်ကြားချက်ကို လက်ခဲ့ရရှိပြီး စိစစ်မှုလုပ်နေပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
Trend Myanmar

မှတ်ချက်များ