![]() |
| ၈၈ မျိုးဆက်အဖွဲ့နှင့် အမေရိကန်သံအမတ် တွေ့ဆုံစဉ် (ဓာတ်ပုံ – ၈၈ မျိုးဆက်) |
“အဓိကက ဗျာ၊ အပြင်မှာ သတင်းတွေ ထွက်နေသလို အမေရိကန်သံအမတ်ကြီးက တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေကို ဖိအားပေးနေတယ်ဆိုတာ မဟုတ်တဲ့ အကြောင်း၊ သူတို့မှာ ဒီလိုသဘောထား မျိုး မရှိတဲ့ အကျိုးအကြောင်း ပြောပြပါတယ်။ နိုင်ငံတကာမှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကိုသွားရင် တတိုင်း
ပြည်လုံး အပစ်ရပ်အဆင့်ကို ဖြတ်ရတာပဲလို့လည်း ပြောပါတယ်။ သူတို့အနေနဲ့ တိုင်းရင်းသားဒေသတွေ
ပြန်လည် ထူထောင်ရေးအတွက် အကူအညီပေးဖို့ စီစဉ်ဆောင်ရွက်ထားတယ်ဆိုတဲ့ အကြောင်းလည်း
ပြောပါတယ်။”
အမေရိကန်သံအမတ်နဲ့ ၈၈ တို့ ပုံမှန်တွေ့ဆုံမှုရှိပြီး ၃-၄ ကြိမ်မက တွေ့ဆုံဆွေးနွေးခဲ့ကြပြီးလည်း ဖြစ်တယ် လို့ ကိုမြအေးက ပြောပါတယ်။
ဒါ့အပြင် အလွတ်သတင်းထောက်ကိုပါကြီး အသတ်ခံရတဲ့ကိစ္စရပ် အပါအ၀င် နိုင်ငံသားတွေ အခြေခံလူ့အ ခွင့်အရေး ဆုံးရှုံးနေတဲ့ ကိစ္စရပ်တွေ၊ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အခြေအနေ တိုးတက်မှု မရှိဘဲ နှေး
ကွေးသွားတဲ့ ကိစ္စရပ်တွေကိုလည်း နှစ်ဘက် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြပါတယ်။
အမေရိကန်သံအမတ်ဟာ သမ္မတအိုဘားမား မြန်မာပြည် မလာခင် တိုင်းရင်းသားဒေသတွေ ဘက် ခရီး ထွက်ပြီး တိုင်းရင်းသားလူမှုအဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားတွေကို လိုက်လံ တီးခေါက်ပြီး အချက် အလက်စုဆောင်းနေတာလည်း ဖြစ်ပါတယ်။
DVB

မှတ်ချက်များ