အီဘိုလာ ဖြစ်ပွားနေသည့် နိုင်ငံများကို ခရီးသွားလာခွင့် မပိတ်ပင်သင့်ဟု အိုဘားမား ပြောကြား
အီဘိုလာရောဂါ ပျံ့နှံ့ ကူးစက်နေသည့် အနောက်အာဖရိက နိုင်ငံများနှင့် ခရီးလမ်း ဆက်သွယ်မှုကို ပိတ်ပင်
ခြင်းသည် ရောဂါထိန်းချုပ်ရေး ကဏ္ဍအတွက် ကောင်းမွန်သော အဖြေတစ်ခု မဖြစ်နိုင်ကြောင်း အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက ပြောကြားခဲ့သည်။
အမေရိကန်သို့ လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါလာသည့် လိုက်ဘေးရီးယား နိုင်ငံသားတစ်ဦး အီဘိုလာ
ရောဂါ ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိသည့်နောက် ၎င်းကို ကုသပေးသည့် အမေရိကန် သူနာပြု
နှစ်ဦးတွင် အီဘိုလာ ကူးစက် ခံခဲ့ရသည်။ အဆိုပါ အခြေအနေနှင့် ဆက်နွယ်ပြီး အမေရိကန်၏ ကျန်းမာရေး ကို အကာအကွယ် ပေးရန်အတွက် အီဘိုလာ ဖြစ်ပွားနေသည့် နိုင်ငံများနှင့် ခရီးသွားလာမှုကို ပိတ်ပင်ထား သင့်ကြောင်း ထောက်ပြမှုများ ရှိလာသည်။
အိုဘားမားကမူ “ဒီလို ခရီးသွားလာခွင့် ပိတ်ပင်လိုက်ခြင်းဟာ အမေရိကန် ပြည်သူလူထုကို တကယ်တမ်း လုံခြုံမှု ပေးစွမ်းနိုင်မယ့် အတွေးအမြင် တစ်ခုလို့ ကျွန်တော် မထင်ဘူး”ဟု ပြောကြားခဲ့သည်။ ၎င်းသည် ထိပ် တန်း ကျန်းမာရေး အကြံပေး ပညာရှင်များနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် သတင်းထောက်များကို ယခုလို မှတ်ချက် ပေးခဲ့ခြင်း ဖြစ်သည်။
၎င်းက “အဲဒီလို ပိတ်ပင်မှုဟာ ဘယ်သူဘယ်ဝါမှာ ရောဂါဖြစ်နေနိုင်တယ် ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် တို့တွေ သတင်းအချက်အလက် ရရှိနိုင်မှု လျော့ကျသွားတာပဲ ဖြစ်လာနိုင်တယ်လေ”ဟုလည်း ဆိုသည်။ အိုဘားမားက အမေရိကန်တွင် အီဘိုလာ ရောဂါ ကူးစက်မှု ရှိခဲ့သည့်တိုင် နိုင်ငံသားများ အနေဖြင့် အလွန်အ ကျွံ စိတ်မပူသင့်ကြောင်းလည်း နှစ်သိမ့်ခဲ့သည်။
“လူတိုင်း နားလည်စေချင်တာက ဒီကိစ္စမျိုးဟာ လက်ဆုပ်လက်ကိုင် လိုက်ဖမ်းဖို့ အင်မတန် ခက်ပါတယ်။ ပြီးတော့ ရောဂါကူးစက်နိုင်ခြေက အရမ်းကို နည်းပါးတဲ့ အဆင့်မျိုးမှာ ရှိနေဆဲပါ”ဟု အိုဘားမားက ပြော ကြားသွားသည်။
7day

မှတ်ချက်များ