၂၀၁၅ ရွေးကောက်ပွဲ သတ်မှတ်ချိန်တွင် မဖြစ်မနေကျင်းပပေးရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို


၂၀၁၅ ရွေးကောက်ပွဲ သည် တရားမျှတပြီး လွတ်လပ်ရုံ သာမက ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထား သည့်အချိန်အ တိုင်း မဖြစ်မနေ ကျင်းပပေးရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်
အောင်ဆန်း စုကြည်က ပြောကြားလိုက်သည်။

‘‘တကယ်ပဲ ဒီမိုကရေစီလမ်း ကြောင်းကို မှန်မှန်သွားတယ်ဆို ရင် ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတရုံ၊ လွတ်လပ်ရုံ မကဘဲ အချိန်မီလုပ်ရမယ်။ သတ်မှတ် ထားတဲ့ အချိန်အတိုင်း လုပ်ရ မယ်’’ ဟု အောက်တိုဘာ ၂၀ ရက် က ကျင်းပသည့် ပြည်သူ့လွှတ် တော်အစည်းအဝေးမတိုင်မီ လာ မည့် အထွေထွေရွေးကောက် ပွဲ ရွှေ့ဆိုင်းမည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် သ ဘောထားနှင့် ပတ်သက်၍ မီဒီ ယာများ၏
မေးမြန်းမှုကို ပြည် သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်က
ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲ မှုများတွင် ပထမဦးဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲများ ထက် ဒုတိယ အကြိမ်ကျင်းပသည့် ရွေးကောက်ပွဲသည် ပိုမိုအရေး ကြီးကြောင်း၊ ပထမဦးဆုံးကျင်းပသည့် ရွေးကောက်ပွဲ သည် မဖြစ် မနေ ကျင်းပပေးရခြင်းဖြစ်ပြီး ဒု တိယအကြိမ် ရွေးကောက်ပွဲသည် တကယ့်အဆုံးအဖြတ်ဖြစ်
ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆို သည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် အပစ်အခတ်ရပ်စဲရေး လက် မှတ်ရေးထိုးနိုင်မှသာ ၂၀၁၅ အ ထွေထွေ
ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်မည်ဖြစ် ကြောင်းကို သတိပြုရန် လိုသည် ဟု သမ္မတဦးသိန်း စိန်က အောက်တိုဘာ ပထမအပတ်အတွင်း လစဉ်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားမှု ထွက်ပေါ်လာပြီး နာက် ဒေါ်အောင်ဆန်းစုကြည်က လာမည့် အထွေထွေရွေး ကောက်ပွဲကို အချိန်မီကျင်းပပေးရမည်ဟု ပြန် လည် ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။

‘‘တချို့ဆိုရင်လည်း စကား ထွက်တာက ၂၀၁၅ ရွေးကောက် ပွဲတောင်မှ ရွှေ့ချင်သလိုလိုပေါ့။ ဒါပေမဲ့ ဘာ ပဲဖြစ်ဖြစ် အရေးကြီး တာက ကျွန်မတို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် ဘာအတွက် တည်ထောင်ခဲ့ သလဲဆိုတာ ကို အဖွဲ့ချုပ်ဝင်တွေက မမေ့ဖို့ လိုတယ်’’ ဟု အောက်တိုဘာ ၂၀ ရက်က ပြည်သူ့လွှတ်တော် သို့ လေ့လာရေးလာရောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် လည်း
ဒေါ်အောင်ဆန်းစုကြည် က ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ထပ်မံပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် ၂၀၁၅ ရွေးကောက်ပွဲကို ယင်းနှစ်နောက် ပိုင်း၌ ကျင်းပပေးရန် ရှိသည် ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီ များအား ပြောကြား ထားမှုများ ရှိသည်။

ရန်မျိုးနိုင် | 7day



မှတ်ချက်များ