နေအိမ်တိုက်ခန်းဆုံးရှုံးပြီးနောက် ခြေမသန်စွမ်းသူ အိမ်ဆောက်သမားတစ်ဦးဟာ ကျောက်ဂူတစ်ခုထဲမှာ ၅ လ နေထိုင်ခဲ့


နေရပ်အိမ်မှ ထွက်သွားရန် အိမ်ခြံမြေအဖွဲ့အစည်းတစ်ခုရဲ့ မောင်းထုတ်ခြင်းခံရသည့်နောက် မသန်မစွမ်း
ဖြစ်သော အိမ်ဆောက်သမားတစ်ဦးမှာ ကျောက်ဂူတစ်ခုထဲတွင် ၄ လကြာနေထိုင်ခဲ့တယ်။

Oban ရဲ့ Scottish resort မြို့လေးက အလျားအနံ ၁၅ပေ x ၁၂ပေ ကျယ်တဲ့ကျောက်ဂူတစ်ခုတွင် နှစ်ဆယ့် တစ်ရာစုခေတ်ဂူအောင်းလူသားတစ်ဦးကဲ့သို့ Cameron Logan နေထိုင်ခဲ့တယ်။

မေလမှ စက်တင်ဘာထိ ရက်သတ္တပတ် ၂၂ ပတ်ကြာ အဲဒီဂူထဲမှာ သူ့ဇနီးနဲ့အတူ အသက်ရှင်နေထိုင်ခဲ့ပါ တယ်။

အသက် ၅၀ အရွယ် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးဖြစ်ခဲ့တဲ့သူက ဒီလိုအချိန်၊ ဒီအသက်နဲ့ ကျောက်ဂူ တစ်ခုမှာ နေထိုင်ဖို့ မသင့်ပါဘူး။ ကျွန်တော်တို့ ရှင်သန်ရပ်တည်နိုင်ခဲ့တာ အံ့သြမိတယ်လို့ ပြောဆိုခဲ့တယ်။

ကျောက်ဂူတစ်ခုမှာ လူနှစ်ယောက်တော့မနေသင့်ဘူး။ ကျွန်တော်တို့ တစ်ယောက်နောက်ကို တစ်ယောက် အတူလိုက် အမြဲတမ်းလက်တွဲစေခဲ့တာ ချစ်ခြင်းမေတ္တာကြောင့်သာဖြစ်တယ်။

ကျွန်တော်အဲနေရာဒေဆီကို အမြဲရောက်လေ့ရှိတာကြောင့် ကျောက်ဂူရှိမှန်း သိတယ်လို့ Cameron ကပြော ဆိုခဲ့တယ်။

ဒါ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသောရွေးချယ်မှုပါ။ ဆက်လက်ပြီးအသက်ရှင်နေဖို့ မျှော်လင့်ချက်ထားရှိပါက သွားနိုင်တဲ့ တစ်ခုတည်းသောနေရာလည်းဖြစ်တယ်။

ဂူအပေါက်ဝဘက်ကို ခေါင်းရင်းထားပြီး Sleeping bag နဲ့အိပ်ခဲ့တယ်။ သစ်သားပြားတွေကို တွေ့ရင် ဖင်ထိုင်ခုံ အဖြစ်အသုံးပြုတယ်။ အနွေးဓာတ်ရဖို့ တချို့ပစ္စည်းတွေကိုလည်း ရတယ်။

ဒါပေမဲ့ သိပ်ပြီးတော့ သက်တောင့်သက်သာတော့မရှိလှဘူး။ ကျောက်ဂူတစ်ခုမှာ ညတိုင်းအိပ်ရတာဘယ် လိုနေမလဲဆိုတာ ကိုယ့်ဘာသာကို စိတ်ကူးယဉ်ကြည့်ပေါ့ လို့ ပြောဆိုခဲ့ပါတယ်။

ကိုယ့်ခြေထောက် ဒုက္ခကြောင့်လည်း စိတ်ဓာတ်တာတွေလည်း ဖြစ်ဖူးတယ်။

အဲဒီဂူမှာ နေရလို့ နှစ်ယောက်လုံးလည်း အခြေအနေ ဆိုးဝါးပျက်ဆီးလာပြီး ကျွန်တော်ဆို အရင်ထက် အ ရက်ပိုသောက်ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဂူအောင်းဘဝကြောင့် ကျွန်တော့်ဘဝအဆင့်အတန်းက အနိမ့်ဆုံးသို့ ရောက်ရှိသွားခဲ့တယ်။

Helenburgh သို့ ပြောင်ရွေ့ခဲ့ကြတဲ့ Cameron နဲ့ Elaine တို့ ဇနီးမောင်နံက အချိန်အတော်ကြာမိတ်ဆွေဖြစ် ခဲ့ကြတဲ့ Stephen Kelly နဲ့ သူ့ဇနီး Ashley McGuire( နှစ်ယောက်လုံး အသက် ၅၀) တို့ဆီမှ အကူအညီရရှိခဲ့ ပါတယ်။

ဘုရားကျောင်းခေါင်းလောင်းသံနဲ့ မနက်အိပ်ယာနိုးပြီး အိမ်သာသက်ဖို့ အောက်ဖက်ကို ဆင်းသွားရပါတယ် လို့ Cameron ကဆိုတယ်။

တခါတလေ ကျွန်တော့် ခြေထောက် အရမ်းနာကျင်လာပြီး ဂူအနီးအနားက သစ်ပင်ကြားထဲကိုပဲ ဝင်သွား လိုက်ရပါတယ်။

ရေချိုးခန်းလည်းမရှိတာကြောင့် အများပြည်သူသုံး ဟောခန်းတွေက ရေပိုက်ခေါင်းအောက်မှာပဲ ကိုယ့်ကိုယ် ကို ရေချိုးသန့်စင်စေတယ်။

တစ်ကိုယ်ရေသန့်ရှင်းမှု ဆိုတာလည်း ဘာမှမရှိခဲ့ဘူး လို့ Cameron ကပြောဆိုသွားခဲ့တယ်။

Blue Triangle Housing Association က ဒီကိစ္စနဲ့ ပတ်သက်ပြီးဘာမှ မှတ်ချက်ပေးပြောဆိုထားခြင်း မရှိပါဘူး။

Argyll နဲ့ Bute Council ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လူတွေအိမ်ခြေမဲ့မှုဖြစ်လာတဲ့ အကြောင်းရင်းများ စွာရှိပါ တယ်လို့ ပြောဆိုခဲ့တယ်။

ဒီလိုအခြေအနေမှာ ရောက်နေတဲ့ ဘယ်သူမဆို ကျွန်တော်တို့ရဲ့ Homeless Service ရုံးခန်းကို လာရောက်ဖို့ တိုက်တွန်းသွားမယ်လို့ လည်းပြောဆိုခဲ့တယ်။

Trend Myanmar

မှတ်ချက်များ