သီရိလင်္ကာမှာ မြေပြို၊ ၁၀၀ လောက် သေနိုင်
သီရိလင်္ကာနိုင်ငံက လက်ဖက် စိုက်ပျိုးရာ ဒေသမှာ မြေပြိုမှု ဖြစ်ခဲ့တဲ့ အတွက် လူပေါင်း တစ်ရာလောက် အရှင်လတ်လတ် မြေမြုပ်သဂြိုလ်ခံရတဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။
လက်ဖက် စိုက်ပျိုးသူတွေ၊ စိုက်ပျိုးရေး အလုပ်သမားနဲ့ သူတို့မိသားစုတွေ နေထိုင်ရာ တောင်အောက်ပိုင်း ကို မြေတွေ ပြိုကျလာခဲ့ရာက မြေမြုပ်ခံ ကြရတာပါ။
မျက်မြင်သက်သေတွေရဲ့ အဆိုအရ မိုးကြိုးပစ်သလို အသံကျယ်ကြီးတွေ ကြားခဲ့ရပြီး ကြည့်လိုက်တဲ့အခါ မှာ တောင်ပေါ်က မြေကြိုးတွေ ပြိုကျနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
မိုးရာသီမှာ ရွာတဲ့ မိုးတွေကြောင့် မြေပြိုမှုတွေ ဖြစ်ပေါ်ရတာ ဖြစ်ပြီး ကိုးမီတာလောက် ဖုံးအုပ်သွားတယ်လို့ ဆိုပါတယ်။ အစပိုင်းမှာတော့ သီရိလင်္ကာ စစ်သားတွေက လက်တွေကို အသုံးပြုပြီး တူးဖော်ကြပေမယ့် နောက်ပိုင်းမှာ အသက်ရှင်လျက် တွေ့ရဖို့ အလားအလာ သိပ်မရှိတော့တဲ့အတွက် မြေတူးစက်တွေ အသုံးပြုပြီး ရှာဖွေမှုတွေ ပြုလုပ်နေကြပါတယ်။
ABC Radio Australia

မှတ်ချက်များ