အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် အွန်လိုင်းတွင် တွေ့ဆုံရာမှ ချိန်းမိသည့် အမျိုးသားထံ သို့ နေအိမ်မီးခိုးခေါင်တိုင်အတွင်းမှ ဝင်ရောက်ကာသွားသူ အမျိုးသမီး ခေါင်းတိုင်အတွင်း ပိတ်မိနေကာ ကယ်ဆယ်လိုက်ရကာ အိမ်ကျော်ကျုးနင်းဝင်ရောက်မှုဖြင့် ဖမ်းဆီးလိုက်ရကြောင်း အာဏာပိုင်များက ပြော သည်။
အသက် ၃၀ ရွယ် ဂျီနိုဗီနာသည် ၎င်းနှင့် အွန်လိုင်းတွင်တွေ့ဆုံကာ အပြင်၌့လည်း နှစ်ခါသုံးခါ တွေ့ဆုံဖူးသူ အမျိုးသားထံသို့  မီးခိုးခေါင်တိုင်မှ တစ်ဆင့် ကျုးနင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဟူစတန်ပို့ စ်သတင်းအရ သိရသည်။
မီးခိုးခေါင်တိုင်တွင်း ဆို့ ညှပ်နေ၍ ငိုကြွေးနေသူ ဂျီနိုဗီနာ၏ အသံကိုကြား၍ အိမ်နီးချင်းများက ၉၁၁ အ
ရေးပေသို့ အကြောင်းကြားရာမှ မီးသတ်များရောက်ရှိလာပြီး ခေါင်းတိုင်တွင်း တစ်ဆို့နေရာမှ ကယ်ထုတ် ခဲ့ခြင်း ဖြစ်သည်။
ခေါင်းတိုင်အတွင်းတစ်နေသူ ဂျီနိုဗီနာကို ချောဆီများ၊ ဆပ်ပြာများသုံးကာ နှစ်နာရီကြာမျှ ဆွဲထုတ်ခဲ့ ရခြင်း
ဖြစ်သည်။ ၎င်းအား ဆေးရုံသို့လည်းပို့ ဆောင်ပေးခဲ့ပြီး ယခုအခါတွင် နေအိမ် ကျုးကျော်ဝင်ရောက်မှုဖြင့် တရားစွဲဆွဲထားသည်။
ရပ်ကွက်နေထိုင်သူတစ်ဦးက ဂျီနိုဗီနာနှင့် အမျိုးသားဖြစ်သူတို့ သည် အွန်လိုင်းပေးတွင် တွေ့ဆုံခဲ့ကြပြီး အပြင်တွင် လူချင်းခြောက်ကြိမ်ခန့် တွေ့ ဆုံဖူးကြောင်းပြောသည်။
ဂျီနိုဗာနာကို ဒဏ်ကြေးငွေ ဒေါ်လာ ၂၅၀၀ ဒဏ်ရိုက်ထားရာ ၎င်းမိသားစုများက ယင်းငွေကို ပေးဆောင် မည်ဖြစ်ပြီး ဂျီနိုဗီနာက လူကောင်းတစ်ဦးဖြစ်ကြောင်း ပြောခဲ့သည်။

မှတ်ချက်များ