သန်လျင်မြို့နယ် တောင်ပိုင်းခရိုင်မှာ မြေငှားရမ်းခတွေ အဆမတန်မြင့်တတ်


သန်လျင်မြို့နယ်ရှိ တောင်ပိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးမှ မြေငှါးရမ်းခ လစာများ ယခင် ကျပ်တစ်သောင်းဖြင့်သာ ကောက်ခံရာမှ ယခု ကျပ်ငါးသောင်းသို့ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် ၄င်းမြေငှါးရမ်းနေထိုင်သူများက များစွာအခက်အခဲဖြင့် ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်၌ရှိသော တောင်ပိုင်းခရိုင် ပြန်ကြားရေး
နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဘေးတွင် လွန်ခဲ့သော(၁၉၉၇)နှစ်ခန့်က စတင်၍ ရေ၊မီး၊အိမ်သာ မပါရှိ ဘဲ တစ်လလျှင် ကျပ်တစ်ထောင်မှ ယခု ကျပ်တစ်သောင်းအထိ မြေငှါးရမ်းကာ ဈေးဆိုင်များဖွင့်လှစ် ရောင်း ချနေထိုင်လာခဲ့သောသူများကို (၁.၁.၂၀၁၃)ခုနှစ်မှ ငွေကောက်ခံခြင်းကို ခေတ္တရပ်ဆိုင်းခဲ့ပြီး (၇.၄.၂၀၁၄) ခုနှစ် က ပြန်လည်ကာ (၁၅)လစာအတွက် မြေငှါးရမ်းခ တစ်ခန်း လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ပေးသွင်း ရန် တောင်းဆိုခဲ့ခြင်းကြောင့် ပေးသွင်းခဲ့ကြောင်း သိရသည်။

အဆိုပါ မြေငှါးရမ်းခ လစာများ ပေးသွင်းပြီးနောက် (၂၉.၉.၂၀၁၄)ခုနှစ် နံနက်(၁၀း၀၀)အချိန်ခန့်တွင် ယင်း ဆိုင် ခန်းရှင်များကို အစည်းအဝေးခေါ်ဆိုကာ မြေငှါးရမ်းခ လစာများကို ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း
နှင့် ယင်းသို့ မြေငှါး ရမ်းခလစာများ ပြောင်းလဲသတ်မှတ်လိုက်ခြင်းမှာ တစ်ခန်းလျှင် တစ်လကို ကျပ်ငါး
သောင်းသို့ ပြောင်းလှဲလိုက်ရခြင်းဖြစ်ပြီး ရုံးချုပ်က ညွှန်ကြားခဲ့ကြောင်းဟု ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်က ဝန်ထမ်းသက်သာ ဆိုင်ခန်းတွင် မြေငှါးရမ်း နေထိုင်သူ မိသားစုဝင်များအား ပြောကြားလိုက်ကြောင်း သိရှိရပါသည်။

ထိုသို့ မြေငှါးရမ်းခ တဟုန်ထိုး မြှင့်တက်လာခြင်းကြောင့် ၄င်းဆိုင်ခန်းများတွင် မြေငှါးရမ်းနေထိုင်သူ မိသားစု ဝင်များသည် တစ်နေ့လုပ် တစ်နေ့စားသူများဖြင့်သောကြောင့် ယင်းသို့ လစာများ ပြောင်းလဲသတ်မှတ်လိုက်
ခြင်းအပေါ် များစွာ အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။

သို့ဖြစ်ပါ၍ ခရိုင်ဦးစီးမှူးဦးလှမျိုးအောင်နှင့် ၄င်းဆိုင်ခန်းများတွင် နေထိုင်ကြသော သူများက မြေငှါးရမ်းခ လစာများ ညှို့နှိုင်းမှုပြုလုပ်ခဲ့ရာတွင် ၄င်းမိသားစုဝင်များအနေဖြင့် တစ်လလျှင် တစ်ခန်းကို ကျပ်ငါးသောင်း မတက်နိုင်သဖြင့် တစ်လလျှင် ကျပ်သုံးသောင်းဖြင့် သတ်မှတ်ပေးပါရန် တောင်းဆိုခဲ့ရာတွင် ၄င်းက ငြင်း ပယ်ခဲ့ကြောင်း သိရသည်။

အမှန်တကယ် ယင်းကဲ့သို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က တစ်ခန်းလျှင် ကျပ်ငါး သောင်းသို့ ပြောင်းလဲပါက ရုံးချုပ်က တရားဝင် သတ်မှတ်လိုက်သည့် ရုံးစာကို ထုတ်ပြနိုင်ခြင်း မရှိကြောင်း သိရသည်။

ယင်း ဝန်ထမ်းသက်သာ ဆိုင်ခန်းများတွင် မြေငှါးရမ်းကာ ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချ နေထိုင်သူများက လက်ဖက် ရည်ဆိုင်(အသေးစား)၊လက်နှိပ်စက်/စာကူး (လက်ခံ ပြင်ပသို့အပ်)ဆိုင်နှင့် သတင်းစာစက္ကူ အဟောင်း ရောင်း ဝယ်ရေး ဆိုင်တို့ဖြစ်ပြီး အဆိုပါ ဆိုင်ခန်းရှင်မိသားစုများက “ကျွန်တော်၊ကျွန်မတို့အား စာနာသနားငဲ့ညာသောအားဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ သင့်တင့်သော ဈေးနှုန်းများဖြစ်
လျော့ ချသတ်မှတ်ပေးပါရန် ရိုသေလေးစားစွာဖြင့် အသနားခံတင် ပြအပ်ပါသည်”ဟု ဆိုရှိထားကြောင်း သိရသည်။

မြင့်မြတ်အောင်မြင်
၀၉၄၂၁၀၂၂၅၇၈

မှတ်ချက်များ