အကြီးမားဆုံး အားအင်


အမေရိကန် သမ္မတ လာရောက်မှာ ဖြစ်တာကြောင့် လမ်းမှာ လှဲကျနေတဲ့ သစ်ပင် တစ်ပင်ကို စစ်သား တစ် စုက မ, ဖယ်ဖို့ ကြိုးစားနေသတဲ့။ ဒါပေမယ့် ဘယ်သူမှ မရွှေ့နိုင်ကြပါဘူး။ ဘေးမှာ တပ်ကြပ်ကြီးဟာ အ မိန့်ပေးပြီး ရပ်နေသတဲ့။

ဒါနဲ့ မြင်းစီးလာတဲ့ လူတစ်ယောက်က တပ်ကြပ်ကြီးကို မေးတယ်။ ဘာလို့ ကူမရွှေ့ပေးတာလဲပေါ့။ တပ် ကြပ်ကြီးကလဲ "ဒါ ကျုပ် အလုပ် မဟုတ်ဘူးလေ။ တပ်ကြပ် ဆိုတာ စစ်သားတွေကို အမိန့်ပေးရတာ..
ရွှေ့ပေးစရာ၊ လိုက်လုပ်ပေးစရာ မလိုဘူး" လို့ ပြန်ဖြေပါတယ်။ ဒါနဲ့ မြင်းပေါ်က လူဟာ ဆင်းလာပြီး သစ် တုံးကို ကူညီသယ်မပေးလိုက်တာ အောင်မြင်သွားပါတယ်။

ပြီးတာနဲ့ ယင်းလူဟာ တပ်ကြပ်ကိုပြောပါတယ်။ "နောက်ခါ အဲ့လို အလေးအပင်တွေ မဖို့ ဖြစ်ရှိလာရင် အကူ အညီလိုရင် စစ်တေနာပတိ ကို ခေါ်လိုက်ပါ"

.....

အမေရိကန်ရဲ့ ပထဦးဆုံး သမ္မတဟာ George Washington (ဂျော့ ဝါရှင်တန်) ဖြစ်ပြီး အမေရိကန် စစ်တပ်ရဲ့ စစ်တေနာပတိလည်း ဖြစ်ပါ တယ်။ မြင်းစီးလာသူဟာ အမေရိကန် သမ္မတ တဖြစ်လဲ စေတေနာ ပတိလည်း
ဖြစ်ကြောင်းကို တပ်ကြပ်က ပြီးတော့မှ သိလိုက်ရပါတယ်။

သင်ခန်းစာ -

ခေါင်းဆောင်ဆိုတာ နိုင်ငံ တစ်နိုင်ငံ၊ အသိုက်အဝန်း တစ်ခု အတွက် အကြီးမားဆုံး အားအင် လည်း ဖြစ်ပါ တယ်။

အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ