အီဘိုလာ ကာကွယ်ဆေး သန်းနဲ့ချီ ထုတ်လုပ်မယ်
အီဘိုလာ ရောဂါ ကာကွယ်ဆေးကို ၂၀၁၅ နှစ်မကုန်မီ အရေအတွက် သန်းပေါင်းများစွာ ထုတ်လုပ်သွား မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
၂၀၁၅ ပထမ နှစ်ဝက် အတွင်းမှာတင် အရေအတွက် သိန်းနဲ့ချီ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိ အီဘိုလာ ပြန့်ပွားနေတဲ့ အနောက်အာဖရိကက ကျန်းမာရေး ၀န်ထမ်းတွေ အတွက်တော့ အခုနှစ် ၂၀၁၄ ဒီဇင်ဘာလောက်မှာပဲ အီဘိုလာ ကာကွယ်ဆေးတွေ ပေးသွားနိုင်မယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဒီကာကွယ်ဆေးတွေဟာ လက်ရှိ ရောဂါ ပြန့်ပွားနေမှုကို ချက်ချင်း ရပ်တန့်ပစ်နိုင်တဲ့ ပဉ္စလက်
ဆေးဝါး မဖြစ်နိုင်ကြောင်းလည်း WHO က သတိပေးပါတယ်။
အခုအချိန်အထိ ဘယ်ဆေးမှ အီဘိုလာကို ပျောက်အောင် ကုနိုင်၊ ဒါမှမဟုတ် ကာကွယ်နိုင်တဲ့ အထောက် အထား မရှိသေးပါဘူး။
BBC

မှတ်ချက်များ