နာမည်လေးလုံးပိုင်ရှင် မင်းသမီးတစ်ဦးနဲ့ ချစ်ကြိုက်နေပါတယ်ဆိုတဲ့ မြတ်သူအောင်
အနုပညာလောကထဲမှာ ၂နှစ်ကျော်လောက် ပျောက်ချက်သားကောင်းနေတဲ့ မြတ်သူအောင်ကို မိန်းမရ သွားပြီဆိုတဲ့ သတင်းတွေနဲ့ ပရိသတ်ကြားအသံတွေထွက်လာခဲ့ပါတယ်။ ဒီကိစ္စ မဟုတ်ပါဘူးဆိုတဲ့ အ
ကြောင်းနဲ့ခုလက်ရှိမှာ နာမည် ၄လုံးပိုင်ရှင် မင်းသမီး တစ်ယောက်နဲ့ချစ်ကြိုက်နေပြီး၊ ယူဖို့အထိ ရည်ရွယ် ထားတယ်ဆိုတဲ့ အကြောင်းအရာတွေကို တော့ သူက အခုလို ဖွင့်ဟသွားပါတယ်။
“ကျွန်တော့် ပထမဆုံးအခွေ အခြားတစ်ဖက်တွက် ကိုယ်တိုင်ရိုက်ကူးနေစဉ်မှာ ကျန်တာတွေ ဖြတ်ပြီး အခြား တစ်ဖက်အတွက်ပဲ ရိုက်တယ်။ အရင်တုန်းက ကျွန်တော့ ကောင်းမလေးတစ်ယောက် ရှိတယ်လေ။ သူနဲ့ပဲ အိမ်ထောင်ကျပြီး အနုပညာအလုပ်တွေ မလုပ်တော့တာလားဆိုပြီး ထင်ကြတယ်။ သူနဲ့ သတင်းထွက်နေ တဲ့ချိန်မှာ အခြားတစ်ဖက်ကို လုပ်နေတာ တစ်နှစ်ကြာသွားတယ်။
ပြီးတော့ တခြားသူတွေ အမ်တီဗီရိုက်ဖို့ လာကမ်းလှမ်းရင်လဲ ကျွန်တော်ငြင်းပြီး ကိုယ့်ခွေအတွက်ပဲ အ
ကောင်းဆုံးကြိုးစားတယ်ပေါ့။ အဲ့လို လုပ်နေတဲ့ချိန်မှာ အနုပညာလောကနဲ့ အဆက်အသွယ် ပြတ်သွားတာ ပါ။အဓိက ဗီစီဒီ ရိုက်ပေးဖို့လာကမ်းလှမ်းရင် ငြင်းလိုက်တာက ကိုယ့်ဗီစီဒီမှာ အကောင်းဆုံး ရိုက်မယ်ပေါ့။
တခြားအဆိုတော်တွေတော့ ကျွန်တော်လဲမသိဘူးလေ။ ဥပမာ နာမည်ကြီးအဆိုတော် တစ်ယောက်က လာကမ်းလှမ်းရင်တော့ လက်ခံတာပေါ့။ ဒါပေမဲ့ အသစ်တွေကျတော့ သူတို့ကိုယ်လဲသူတို့ သီချင်းမသိ၊ သူကိုယ်တိုင် အသံတောင် တည့်အောင် ဆိုတတ်လားမသိတော့ မရိုက်ချင်တာနဲ့ဂျီးများတာပေါ့။ အဲ့ဒါလဲပါ တယ်။ နောက်အဲ့ဒီ ကောင်မလေးနဲ့သတင်းထွက်လို့သြော်သူမိန်းမရပြီးပဲ မလုပ်တော့တာလားဆိုပြီး ထင်နေကြတယ်။
ကျွန်တော့်ဦးလေး ဦးဟိန်းစိုး ကိုယ်တိုင်ကိုက မင်းဒီအလုပ်ဆက်လုပ်ဦးမှာလား ဆိုပြီး ကိုယ်တိုင်လာမေး တယ်။ အမှန်က နာမည်ထွက်နေကတည်းက သူနဲ့ပြတ်သွားတာလေ။ ဒီလို ကောလာဟလကတော့ ထွက် မှာပဲ။ ကိုယ့်ကံနဲ့လဲဆိုင်တာပေါ့။ ကောင်းတဲ့လူနဲ့ပတ်သတ်မိရင် ကောင်းတဲ့ အကျိုးခံစားရမယ်။ ဆိုးတဲ့သူ နဲ့ပတ်သတ်မိရင် ဆိုးတဲ့အကျိုးခံစားရမယ်။ ဒါပေမဲ့ကောင်းတဲ့သူလား၊ ဆိုးတဲ့သူလားဆိုတာ ဘယ်သူကကြို ပြီးသိမှာလဲ။ လူရွေးပြီးမှ ပေါင်းလို့မှမရတာ။ နောင်တတော့ ဘယ်တော့မှ မရတတ်ဘူး။ အဲ့တုန်းကလဲ မှား မယ်မှန်းမသိလို့ လုပ်ခဲ့တာပါ။” လို့ သူက ပြောပါတယ်။
ခုလက်ရှိ ချစ်သူသစ်နဲ့ အဆင်ပြေတယ်လို့ ဆိုတဲ့ သူက “သူနဲ့က ပျော်ရွှင်စရာကောင်းပါတယ်။ အနုပညာ
လောကထဲကပါပဲ။ ကျွန်တော့ထက်ငယ်တယ်။ မင်းသမီးထဲကတစ်ယောက်ပဲ။ ယူဖို့ထိ ရည်ရွယ်ထားပါ တယ်။ ကြာတာကတော့ သိပ်မကြာသေးပါဦး ၆လလောက်ပဲ ရှိသေးတယ်။ ဒါပေမဲ့ အဲ့အပိုင်းအခြားလောက် မှာ ကိုယ့်ပေါ် ကောင်းမကောင်းဆုံးဖြတ်လို့ရတယ်။ တွေးကြည့်လို့ရတယ်။ ကျွန်တော့်အနေနဲ့ကတော့ ရည်းစားတွေလဲ ထားလာတာများပြီ။ အဲ့တော့ဒီတစ်ယောက်ကတော့ တော်တော်ကောင်းတယ်ပေါ့။ ဘေး လူတွေကြည့်ရင်တော့ဘယ်မြင်မလဲ။
ကိုယ်ကတော့ သိတာပေါ့နော်။ အနစ်နာခံတယ်။ အိမ်ကတော့ အနုပညာလောကထဲကလူကို မကြိုက်ဘူး။ အိမ်ကလဲ အဖေက လူကြီးဆိုတော့သူတို့အသိုင်းအ၀ိုင်းထဲကလူနဲ့ပဲမင်းယူမယ်ဆိုရင် ပေးစားမယ်တဲ့။ ကျွန်တော်က မယူချင်ဘူး။ အိမ်ထောင်ကတော့ ကျွန်တော်က ပြုရင်လဲရတယ်။ မပြုရင်လဲရတယ်။ အိမ်က အသက်ကြီးပြီ ယူဆို ယူလိုက်တာပေါ့။ အဓိကက ကိုယ်ချစ်တဲ့သူနဲ့အတူရှိနေရရင်ပြီးပါပြီ။ ကိုယ့်နားမှာရှိနေ ရင်ရပါပြီ။ နောက်မှယူလဲ ရပါတယ်”တဲ့။
လတ်တလောမှာ မြတ်သူအောင်ဟာ သူ့ရဲ့ ဒုတိယအခွေအတွက်လုပ်နေပြီး ဒီအခွေမှာ ပါဝင်မယ့်သီချင်းအ မျိုးအစားတွေကတော့ slow rock၊ modern rock ပုံစံမျိုးတွေလို့ သိရပါတယ်။
Trend Myanmar

မှတ်ချက်များ