ပျောက်ဆုံးသွားတဲ့ တောင်တတ်သမား ၂ဦးအတွက် ရှာဖွေးရေးခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ မြန်မာရဟတ်ယာဉ်မှူသေဆုံး

အထူးကြေကွဲဝမ်းနည်းခြင်း

ထူးဖောင်ဒေးရှင်းသည် ပြီးခဲ့သော စက်တင်ဘာ (၂၇)ရက် နေ့ကတည်းက အဆက်အသွယ်ပြတ်တောက်ခဲ့ သည့် ကယ်ဆယ်ရေး B4 ရဟတ်ယာဉ်တွင် လိုက်ပါခဲ့သူများအား လိုက်လံရှာဖွေကယ်ဆယ်လျက်ရှိရာ အဆိုပါ ရဟတ်ယာဉ်မှ နောက်ဆုံးကျန်ရှိနေ သော မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးအား တော တွင်း တစ်နေရာ၌ ကွယ်လွန်နေကြောင်းကို ယနေ့ အောက်တိုဘာ (၉) ရက်နေ့၊ ညနေ (၄:၀၀)ခန့်တွင် ထူးဖောင်ဒေးရှင်းကယ်ဆယ်ရေးအဖွဲ့မှ ၀မ်းနည်းကြေကွဲဖွယ် တွေ့ရှိခဲ့ရပါသည်။

ထူးဖောင်ဒေးရှင်းအနေဖြင့် အဆိုပါ ကယ်ဆယ်ရေး B4 ရဟတ်ယာဉ် မြေပြင်ကွပ်ကဲရေးနှင့် အဆက်အ သွယ် စတင် ပြတ်တောက်ခဲ့သည့်အချိန်မှစ၍ ယင်းရဟတ်ယာဉ်တွင် လိုက်ပါခဲ့သူများ၏ အသက် အန္တာ ရယ်ကို စိုးရိမ်စွာဖြင့် အစွမ်းကုန် ကြိုးစားရှာဖွေ၍ ကယ်ဆယ်နိုင်ရန် ကြိုးပမ်းခဲ့ပါသည်။

ကံအကြောင်းမလှစွာဖြင့် မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုး ကွယ်လွန်ခဲ့ခြင်းအတွက် ထူးဖောင်ဒေး ရှင်း အနေဖြင့် မိသားစုနှင့် ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါသည်။

ကွယ်လွန်သူ ကောင်းရာသုဂတိရောက်ပါစေကြောင်း ဆုတောင်းအပ်ပါသည်။

Htoo Foundation

မှတ်ချက်များ