စွပ်စွဲဖမ်းဆီးခံ ရခိုင်လူငယ်နှစ်ဦးအတွက် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြ
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ ခိုထောင်ကျွန်း(ခေါ်)လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ခရီးသည် နှစ်ဦး သတ်ဖြတ်ခံရမူနှင့် ဆက်စပ် ဖမ်းဆီးခံထားရသောာရခိုင်လူငယ် (၂) ဦးအတွက် မြန်မာနိုင်ငံသားများမှ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ထိုင်းသံရုံးရှေ့တွင် အောက်တိုဘာလ ၁၇ ရက်နေ့က ဆန္ဒပြ ခဲ့ကြသည်။
ဗြိတိန်နိုင်ငံသား ဒေးဗစ်မီလာ(၂၄နှစ်) နှင့် ဟန်နာဝှစ်သာရစ် (၂၃ နှစ်) ကို မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရမှုတို့ အတွက် စွပ်စွဲခံနေရသော ရခိုင်လူငယ်နှစ်ဦးဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း တို့အား မျှတစွာ တရားစီရင်ရေးနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆန္ဒပြရခြင်း ဖြစ်သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦး
ဖြစ်သည့် ကိုဘခင်က ပြောသည်။
“ ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရခြင်းဟာ ထိုင်းနိုင်ငံရဲ့ လုံခြုံရေးကို များစွာထိခိုက်စေတဲ့အပြင် အချိန်မှီ တရားခံတွေကို မဖမ်းဆီးနိုင်ရင် အရှက်ရနိုင်တဲ့အတွက်ကြောင့် ခုလို မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သ မား ရခိုင်လူငယ် နှစ်ဦးကို တရားခံအဖြစ် ထိုးကျွေးလိုက်ခြင်းသာဖြစ်တယ်လို့ ကျွန်တော်တို့က ယုံကြည် ထားတယ်။ ဒါကြောင့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ အပေါ် မျှတစွာ တရားစီရင်ရေးနဲ့ အမှုမှန် ပေါ်
ပေါက်ရေး အတွက် တောင်ဆို ဆန္ဒပြရတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
ဆန္ဒပြတောင်းဆိုပွဲအား ထိုင်းကောင်စစ်ဝန်ရုံး (Consulate General of Thailand) နေ့လည် ၂ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့ပြီး လူပေါင်း ၃၀ကျော် တက်ရောက်ခဲ့ကာ အင်္ဂလိပ်လို We Want Justice , Thank you Thai People, Standing for Justice စသည့် ကြွေးကြော်သံများကို ကြွေးကြော်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြ သည်။
“ ကျွန်တော်တို့က တရားမျှတမူကိုလိုလားတယ်။ ထိုင်းတွေကို ကျေးဇူးတင်တယ်။ အမှန်တရားအတွက် ရပ်တည်ပါဆိုတဲ့ အင်္ဂလိပ်လို ကြွေးကြော်သံတွေကို ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ လုပ်ဇာတ်ခင်းပြီး အပြစ်မဲ့ ရခိုင်လူငယ်နှစ်ဦးကို ဖမ်းဆီးထားတာကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ အမှုမှန်ပေါ်ပေါက်ရေးအ တွက်အမြန်ဆုံး ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုခဲ့ကြပြီး ထိုင်းဝန်းကြီးချုပ်ကို လိပ်မူပြီး အိပ်ဖွင့်ပေးစာ တစ်စောင်ကိုလည်း ပေးပို့ခဲ့ကြပါတယ်” ကိုခိုင်ဘခင်မှ ဆက်လက် ပြောသည်။
ဆန္ဒပြပွဲတွင် ပါဝင်သူတဦးဖြစ်သည့် ကိုသန်းထွန်းအောင်ကလည်း သူ့အမြင်ကို ယခုလို သုံးသပ် ပြောဆို သည်။
“ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် ပြည်ပနိုင်ငံ အသီးသီးကို အလုပ်ထွက်လုပ်ကြရတဲ့ မြန်မာပြည် သူတွေကို ရာစုနှစ်တစ်ဝက်ကျော်လောက် မသိကျိုးကျွန် လစ်လျူရှု့ထားခဲ့တာဆိုတော့ အခုကိစ္စမှာလည်း
ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေကို ဆွဲထည့်လိုက်ရင်တော့ ဘာမှမဖြစ်လောက်ပါဘူးဆိုတဲ့ သဘောမျိုး လုပ်လိုက်တာ ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့က သုံးသပ်တယ်။ ထိုင်းအစိုးရအနေဖြင့် မျှတတဲ့ တရား စီ ရင်ရေး ဖေါ်ဆောင်ပေးဖို့ဘဲ ပြောလိုပါတယ်” ဟု ဆိုသည်။
ဆန္ဒုပြပွဲကို စီစဉ်သူများထဲမှ တဦးဖြစ်သည့် ကိုတင်ဝေ မှလည်း မတရားဖမ်းဆီးခံထားရသော ရွှေ့ပြောင်း
မြန်မာ နိုင်ငံသားနှစ်ဖြစ်ကြသော ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း တို့ကို မျှတသော တရားစီရင်ရေး ရစေ ချင်ကြောင်း၊ ပြီးလျှင် လူသတ်တရားခံ မုဒိန်းကျင့်သူတွေအဖြစ် မြန်မာ လူငယ် နှစ်ဦးအား မတရား စွပ်စွဲ ဖမ်းဆီး ခံထားရတာကို ကမ္ဘာက သိစေချင်ကြောင်း၊ သို့အတွက် ယခုလို နယူးယောက်မြို့ရှိ ထိုင်းကောင်း စစ်ဝန်ရုံးရှေ့တွင် တောင်းဆို ဆန္ဒပြရတာဖြစ်ကြောင်း ပြောဆိုသွားသည်။
ဆန္ဒပြပွဲကို ထိုင်းသံရုံးအပါအ၀င် အနီးအနား လူအများက စိတ်ဝင်စားမူ ရှိခဲ့ပြီး ဆန္ဒပြသူများက ထိုင်းဝန်ကြီး ချုပ်ထံ ပေးပို့သောစာအားလည်း ထိုင်းသံရုံး တာဝန်ရှိသူများက လက်ခံယူထားလိုက်သည်ဟု သိရှိရသည်။
နိရဉ္စရာ


မှတ်ချက်များ