တရုတ်နိုင်ငံသို့ တရားမ၀င်အမျိုးသမီးများ ပို့ဆောင်သူဖမ်းဆီးရမိ
တရားမဝင် လူကုန်ကူးမှု တိုက်ဖျက် ရေးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ပြည်သူများနှင့် ပူးပေါင်း၍ အရေးယူ ဆောင်ရွက် လျက်ရှိရာ အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီခွဲက ပဲခူး တိုင်းဒေသကြီးဖြူးမြို့ နယ်တွင် တရုတ်ပြည်သို့ တရားမဝင် ပို့ဆောင်သူ အချို့ ရောက်ရှိနေကြောင်း သတင်းအရ ဖြူးမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ကျော်ဇင်ထိုက်နှင့် အဖွဲ့ သည် ဖြူးအမြန်လမ်းရဲစခန်း ဇဟားချောင်း ရဲကင်းမှူး အရာခံ ဗိုလ်ရန်နိုင်ထွန်း တို့ပါဝင်သော ပူးပေါင်းအဖွဲ့က ခင်တန်းကြီး ကျေးရွာ အုပ်စု ပိန္နဲခုံ ကရင်ကုန်းကျေးရွာနေ ဒေါ်ကြည်ပြုံး(၅၂နှစ်) နေအိမ်ကိုဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ဒေါ်ကြည် ပြုံး၏ နေအိမ်၌ ကိုကျော်အောင် (၃၉နှစ်) ကျော်လှ အုပ်စု ရင်းတိုက်စိန်ကျေးရွာ ဖြူးမြို့နယ်နေသူ နှင့်ဒေါ်ဝိုင်းမြင့် (၄၄နှစ်) စပ်သောင်(၁)ရပ်ကွက် ကညွတ်ကွင်းမြို့နေသူတို့ကို တွေ့ကြောင်း၊ လွန်ခဲ့ သောတစ်နှစ်ခွဲခန့်က ကိုကျော်
အောင်၏ သမီး ဖြစ်သူ မအေး(၁၆နှစ်)၊ ဒေါ်ဝိုင်းမြင့်၏သမီး ဖြစ်သူ မလှလှမွန် (၂၈နှစ်) တို့ကို ဒေါ်ကြည်ပြုံး က တရုတ်နိုင်ငံသို့ တရားမဝင်ပို့ ဆောင်ထားကြောင်း၊ ပို့ဆောင်ထားသောသမီးများကို သွားရောက် တွေ့ ဆုံရန် ဒေါ်ကြည်ပြုံးကခေါ်၍ ရောက်ရှိနေ ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ တရုတ်နိုင်ငံ သို့ ပို့ဆောင်ရန်ခေါ်ထားသော မခင်မာဦး (၂၅နှစ်) ညောင်ပင်သာစိမ့်ကြီးရွာ ဖြူးမြို့ နယ်နေသူနှင့် တစ်ရွာတည်းနေ မခင်သူဇာဝင်း (၁၆ နှစ်) တို့နှစ်ဦး ကို တွေ့ရှိရ၍စစ်ဆေးခဲ့ရာ ဒေါ်ကြည်ပြုံး က တရုတ် နိုင်ငံတွင် တစ်နှစ်လျှင် ငွေကျပ်ခုနစ်သိန်းဖြင့် အလုပ်အကိုင်ရရှိမည်ဟုပြောပြီး ပို့ဆောင်ရန် ခေါ် ယူထားခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် ချက်များအရ တရားဝင်ခွင့်ပြုချက်မရှိဘဲ ပြည်ပ တွင် အလုပ်အ ကိုင်ရရှိရေးအတွက် ပို့ဆောင်ပေး သူ ဒေါ်ကြည်ပြုံးကို ဖြူးမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ကိုလွင်(ဆွာ) | Myanmaalinn

မှတ်ချက်များ