အမွေလိုချင်လို့ တစ်မိသားစုလုံးကို သတ်ပစ်ခဲ့တဲ့ ၁၉နှစ်အရွယ်ကောင်လေး
မိဘတွေရဲ့ ပိုင်ဆိုင်မှုကို သားသမီးတွေအရွယ်ရောက်လာတဲ့ အခါကျလိုချင် တပ်မက်လာကြတာ မဆန်းပါ ဘူး။ မိသားစုထဲ တစိမ်းတွေဝင်စွက်ဖက်လာ မယ်ဆိုရင် ဒီလို ငွေကြေးပိုင်ဆိုင်မှုအမွေတွေခွဲဝေရတဲ့အ
ကြောင်းတရားတွေ ကြောင့် မောင်နှမသားချင်း စိတ်ဝမ်းကွဲရတာမျိုးတွေ တရားခွင်ကိုတောင် သွားရောက်
ဖြေရှင်းရတာမျိုးတွေအပြင် တစ်ခါတစ်ရံဆို အသက်ကိုတောင် ရန်ရှာ တာမျိုးတွေရှိလာပါတယ်။
အမေရိကန်ပြည်ထောင်စု အက်ကလိုဟိုးမားက လူငယ်တစ်ယောက်က မိဘတွေရဲ့ ပိုင်ဆိုင်မှုအမွေကိုလို ချင်တာကြောင့် မိသားစုတစ်ခုလုံးက မိဘ နှစ်ပါးနဲ့ညီမဖြစ်သူတို့ကို သတ်ပစ်လိုက်တယ်လို့ နိုင်ငံပိုင်သ တင်းမီဒီယာမှာ ရေးသားဖော်ပြထားပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိတဲ့ အယ်လန်ဟာဘီ ဆိုသူ ကောင်လေးက မိ သားစုရဲ့ ပိုင်ဆိုင်မှုအမွေခွဲတမ်းကို စိတ်မကျေနပ်နဲ့ပဲတစ်ယောက်တည်းပိုင်ဆိုင်လိုတဲ့ဆန္ဒကြောင့်တစ်မိသားစုလုံးကို နေအိမ်မှာသတ်ပစ်ထားခဲ့ မိသားစုပိုင် များပြားလှတဲ့ငွေပမာဏအမြောက်အများနဲ့ တစ်ပတ်ကြာအ ပျော်ခရီးထွက်သွားခဲ့ပါတယ်။
အသက် ၅၀ အရွယ်ရှိတဲ့ ဖခင်၊ ၄၈ နှစ်အရွယ်ရှိတဲ့ မိခင်နဲ့ ညီမဖြစ်သူတို့ရဲ့ အလောင်းကို အိမ်ဖော်အမျိုး သမီးက တွေ့ရှိသွားကာ ရဲစခန်းကို အကြောင်း ကြားခဲ့ပြီး အယ်လန်ခရီးပြန်အလာမှာ ဖမ်းဆီးခံခဲ့ရတာပဲ
ဖြစ်ပါတယ်။
ဖိုးသူတော်

မှတ်ချက်များ