ဆယ်နှစ်နီးပါးခန့် လိင်ကျွန် ပြုခံခဲ့ရသူ ဆွံ့အနားမကြား မိန်းကလေး အား အိမ်ရှင်ဖြစ်သူထံမှ အမေရိကန် ဒေါ်လာ ၁၆၀၀၀၀ ခန့် ရရှိမည်

အိမ်ရှင်ဇနီးမောင်နှံ
ဗြိတိန်နိုင်ငံ သို့ လူမှောင်ခိုကူး ခံခဲ့ရပြီး ဆယ်စုနှစ် တစ်ခုနီးပါး လိင်ကျွန်ပြု ခံခဲ့ရသည့် ဆွံ့အ နားမကြား မိန်းကလေးငယ် တစ်ဦးသည် သူမကို ဖမ်းဆီး ထားသူများ ထံမှ အမေရိကန် ဒေါ်လာ ၁၆ဝဝဝဝ ခန့် (စတာ လင်ပေါင် ၁ဝဝဝဝဝ) ရရှိမည် ဖြစ်ကြောင်း အောက်တိုဘာ ၁၅ ရက်တွင် ဗြိတိန် တရားရုံး တစ်ခုက ပြော ကြားသည်။

အဆိုပါ မိန်းကလေးသည် အသက် ၁ဝ နှစ်အရွယ် တွင် ပါကစ္စတန် နိုင်ငံမှ လူမှောင်ခို ကူးခြင်း ခံခဲ့ရခြင်း ဖြစ် ပြီး ယခု အချိန်တွင် အသက် ၂ဝ ပြည့်ပြီ ဖြစ်ကြောင်း သိရသည်။ သူမသည် အသက် ၈၅ နှစ် အရွယ်ရှိ အိမ် ရှင် အမျိုးသားကြီး ၏ အဓမ္မ ပြုကျင့်မှုကို အကြိမ်ပေါင်း များစွာ ခံခဲ့ရသည့် အပြင် အသက် ၆၇ နှစ်အရွယ်ရှိ အိမ်ရှင် အမျိုးသမီး ကြီး၏ ကျေးကျွန်အဖြစ် နှစ်ပေါင်း များစွာ အလုပ်လုပ် ပေးခဲ့ ရသည်ဟု သိရသည်။

ငွေကြေး ခဝါချမှု နှင့်ပတ်သက်၍ အာဏာပိုင် များက အိမ်ရှင် ဇနီးမောင်နှံ၏ နေအိမ်ကို ဝင်ရောက် စစ်ဆေး ရာမှ မြေအောက်ခန်း တစ်နေရာ၌ အဆိုပါ မိန်းကလေးကို စုံစမ်း စစ်ဆေးသူ များက တွေ့ရှိ ခဲ့ခြင်း ဖြစ်သည် ဟုသိရသည်။ ယခု အချိန်တွင် အဆိုပါ မိန်းကလေး သည် အိမ်ရှင် ဇနီးမောင်နှံကို တရားစွဲဆို ရာတွင် သက်သေခံ ပေးနိုင်သည့် သင်္ကေတ များကို လေ့လာ သင်ယူလျက် ရှိသည်။

တရားရုံး၏ တွက်ချက်မှု အရ အဆိုပါ မိန်းကလေး သည် တစ်နေ့ လုပ်အားခ အနည်းဆုံး ဖြစ်သည့် လုပ်ခ
ငွေနှင့် တွက်လျှင်ပင် အိမ်ရှင် ဇနီးမောင်နှံ ထံမှ စတာလင်ပေါင် ၁ဝ၁၃ဝဝ ပေါင်ခန့် အထိ ရရှိနိုင် သည်ဟု သိရှိရသည်။

PyiChitThar

မှတ်ချက်များ