တပ်ခ်ျမဟာအနီးဟိုတယ်တွင် ဗြိတိန်စုံတွဲနှစ်ဦး သေဆုံးနေသည်ကိုတွေ့ရှိ
ကမ္ဘာ့ အံ့ဖွယ် နေရာများတွင် တစ်ခု အပါအဝင်ဖြစ်သော အိန္ဒိယ နိုင်ငံ တပ်ခ်ျမဟာ အနီးရှိ ဟိုတယ်တစ်ခု တွင် ဗြိတိန်စုံတွဲနှစ်ဦး သေ ဆုံးနေသည်ကို တွေ့ရှိရပြီး မူးယစ် ဆေးဝါး အလွန်အကျွံ သုံးစွဲရာမှ သေဆုံး
ခြင်း ဖြစ်ဖွယ်ရှိကြောင်း အိန္ဒိယရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ထားသည်။
အသက်(၂၈)နှစ်အရွယ် ဂျိမ်းစ် ဂက်စ်ကဲလ်နှင့် အသက်(၂၄)နှစ် အရွယ် အလက်ဇန္ဒားဂက်စ်ကဲလ် တို့နှစ်ဦး ကို ယမန်နေ့နံနက်ပိုင်းတွင် တပ်ခ်ျမဟာအနီးရှိ ၄င်းတို့တည်းခို ရာ မေရာဟိုတယ်အခန်းအတွင်း၌ သေဆုံး
နေသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။
''သေဆုံးတဲ့ပုံစံဟာ မူးယစ် ဆေးဝါးကို အကြောထဲအလွန်အကျွံ ထိုးသွင်းရာကနေ သေဆုံးတဲ့ပုံစံ ဖြစ်နေပါ တယ်။ အခန်းထဲမှာလဲ အသုံးပြုထားတဲ့ မူးယစ်ဆေးဝါး ပစ္စည်းတွေနဲ့ ပုလင်းအခွံ ငါးလုံးကို တွေ့ရပါတယ်။ သူတို့ရဲ့ အိပ်ရာ ပေါ်နဲ့ရေချိုးခန်းထဲမှာလဲ အန်ထား တာကို တွေ့ရပါတယ်။ သူတို့ နှစ်ယောက်စလုံးဟာ တန င်္လာနေ့ညမှာ သေဆုံးထားပုံပါ။
ဘာဖြစ် လို့လဲဆိုတော့ မနက်ပိုင်းပို့ထားတဲ့ အစားအသောက်တွေကို မစား ရသေးပါဘူး။ အခန်းထဲမှာ သူ စိမ်းဝင်ရောက်ထားတဲ့ ခြေရာလက်ရာ တွေ မတွေ့ရသလို သူတို့ခန္ဓာကိုယ် မှာလဲ ဘယ်လိုပြင်ပဒဏ်ရာမှ မတွေ့ရပါဘူး။ ကျွန်တော်တို့အနေနဲ့ လိုအပ်တဲ့စစ်ဆေးမှုတွေကိုတော့ ဆက် လက်ပြုလုပ်နေပါတယ်''ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထား သည်။
The Union Daily

မှတ်ချက်များ