အမျိုးသမီးငယ်တစ်ဦး တစ်ပါးသူ၏ ခင်ပွန်းကို ပြစ်မှားသည်ဟု ဆိုကာ ကျောက်ခဲဖြင့် ဝိုင်းဝန်း ထုသတ်ခံရသည့် ဗီဒီယို IS အဖွဲ့ ထုတ်လွှင့်


ဆီးရီးယားနိုင်ငံ ဟားမားမြို့တွင် တစ်ပါးသူ၏ ခင်ပွန်းကို ပြစ်မှားသည်ဟု စွပ်စွဲခံထားရသည့် အမျိုးသမီး ငယ်တစ်ဦးကို လူအများက ကျောက်ခဲ ဖြင့် ဝိုင်းဝန်းထုသတ်သည့် ဗီဒီယိုဖိုင်တစ်ခုကို အစ္စ လာမ္မစ်နိုင်ငံတော် ( IS )အဖွဲ့က ယမန်နေ့တွင် ထုတ် လွှင့်ခဲ့ရာ အဆိုပါမိန်းကလေးကို ထုသတ်သူများထဲတွင် ၄င်း၏ဖခင် ကိုယ်တိုင် ပါဝင်နေသည်ကို တွေ့ရ သည်။

အဆိုပါဗီဒီယိုကို ဆီးရီးယားနိုင်ငံ ဟားမားမြို့ တွင် ရိုက်ကူးထားကြောင်း၊ ဘာသာရေးခေါင်း ဆောင်တစ်ဦး က အမျိုးသမီးငယ်ကို ပြင်းထန်စွာ ပြစ်တင်ပြောကြားနေချိန်တွင် အမျိုးသမီးက ၄င်း၏ အသက်ကို ချမ်း သာပေးရန် တောင်းပန်နေကြောင်း Dailymail သတင်းစာက ဖော်ပြထားသည်။

ဘာသာရေးခေါင်းဆောင်ထံမှ ခွင့်လွှတ်မှုကို တောင်းခံမရသည့်နောက် အမျိုးသမီးငယ်သည် ၄င်း၏ ဖခင် ဘက်သို့လှည့်၍ ခွင့်လွှတ်ရန်တောင်းပန်ခဲ့သည်။ သို့သော် ဖခင်ဖြစ်သူကငြင်းဆန်ခဲ့ပြီး အဖေဟုမခေါ်ရန်
ပြောဆိုကာ ကျောက်ခဲဖြင့်ထုသတ်မည့်သူများသို့ လုပ်ငန်းစရန် အချက်ပြခဲ့သည်။ ထို့နောက် မိနစ်ပိုင်း အတွင်း အကူအညီမဲ့နေသည့် အမျိုးသမီးပေါ်သို့ ကျောက်ခဲများ မိုးရွာသကဲ့သို့ ကျရောက်လာခဲ့ပြီး အမျိုးသ မီး၏ဖခင်ဖြစ်သူက ပစ်ချသောကြီးမားသည့် ကျောက်တုံးတစ်ခု ကျရောက်လာချိန်တွင် ဗီဒီယိုပြီးဆုံးသွား
ကြောင်း Dailymail က ဖော်ပြထားသည်။

အဆိုပါဗီဒီယိုဖိုင်တွင် IS အဖွဲ့ဝင်များက ဘုရား သခင်၏အမိန့်အရ အမျိုးသမီးငယ်ကို ကျောက်ခဲများ ဖြင့် ထုသတ်ရခြင်းဖြစ်ကြောင်း ပြောထားသည်ကို လည်း တွေ့ရသည်။ ဆီးရီးယား၌ အလားတူအဖြစ် အပျက် မျိုး ၂ဝ၁၁ ခုနှစ်ကလည်းဖြစ်ပျက်ခဲ့ပြီး ထိုစဉ် က တစ်ပါးသူ၏ဇနီးမယားကို ပြစ်မှားသည်ဟုဆိုကာ အမျိုး သားတစ်ဦးကို ကျောက်ခဲများဖြင့် ဝိုင်းဝန်းထု သတ်ခဲ့ကြသည်။

အခြားတစ်ဖက်တွင် IS အဖွဲ့သည် အီရတ်နိုင်ငံ တွင်မူ ဒေသခံယာဇီဒစ်အမျိုးသမီးများကို ဖမ်းဆီးကာ လိင် ကျွန်အဖြစ်ရောင်းချသည့် ဈေးပွဲတော်များပြုလုပ် နေကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထား သည်။ အမျိုးသမီးတစ်ဦးလျှင် ၁ဝဒေါ်လာ၊ ၁၂ ဒေါ်လာကြား ဈေးသတ်မှတ်ထားကြောင်း၊ လိင်ကျွန် အဖြစ်ရောင်း ချခံရသော အမျိုးသမီးတစ်ဦးသည် IS တပ်ဖွဲ့ဝင် ၁ဝ ဦးထံတွင် အလိုမတူဘဲအဓမ္မပြုကျင့် ခံရကြောင်း သိရသည်။IS အဖွဲ့ဝင်များသည် ကျေးရွာ များထဲသို့ ဝင်ရောက်ကာတန်းစီခိုင်းပြီး အမျိုးသမီးများကို ရွေး ချယ်ခြင်းဖြစ်သည်။

The Union Daily

မှတ်ချက်များ