ကိုထင်ကျော်အမှု ယနေ့ အမိန့်ချမည်
ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ (အမ်ဒီစီအက်ဖ်)မှ ကိုထင်ကျော်ကို ကျောက်တံတားမြို့ နယ် ရဲစခန်းက စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(ခ)အတွက် ဒီနေ့ အောက်တိုဘာ ၃၀ ရက်နေ့မှာ အမိန့်ချမှာ ဖြစ်ပါ တယ်။
၂၀၁၄ ခုနှစ်ထဲမှာ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ကို အယုံအကြည်မရှိကြောင်း ဆန္ဒပြခဲ့တဲ့ အတွက် သူ့ကို မြို့နယ် ၁၂ ခုနှစ်က ပုဒ်မ(၁၈)၊ ပုဒ်မ ၅၀၅(ခ)တို့နဲ့ တရားစွဲခဲ့ပါတယ်။
လက်ရှိအချိန် ကိုထင်ကျော်ဟာ ထောင်ဒဏ် ၁၁ နှစ်နဲ့ ၄ လ အမိန့်ချမှတ်ခံထားရပြီး ဒီကနေ့အမှုကနောက် ဆုံးအမှု ဖြစ်တယ်လို့ သိရပါတယ်။
DVB

မှတ်ချက်များ