မြစ်ကြီးနားမြို့တွင် လူတစ်ဦးကြိုးဆွဲချသေဆုံးမှုဖြစ်ပွား


မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ (၁၃) တွင် ယခုလ ၁၆ ရက် နံနက် ၁ဝ နာရီက လူတစ်ဦး ကြိုးဆွဲချ
သေဆုံးမှု ဖြစ်ပွားခဲ့ သည်။

ဖြစ်စဉ်မှာ နယ်မြေရဲစခန်း၌ ဒုရဲအုပ်စောမျိုးလင်းတာဝန်မှူး တာဝန်ထမ်းဆောင်နေစဉ်လူတစ်ဦး အိမ်ထဲတွင် ကြိုးဆွဲချသေဆုံးနေ ကြောင်းသတင်းအရ နယ်မြေရဲ စခန်းမှူး ရဲအုပ်အေးကျော်ဦးစီးအဖွဲ့ နှင့်ရမ်ပူရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်း၊ နယ်မြေမှူးနှင့်အတူ အခင်းဖြစ်ပွားရာသို့သွားရောက်ပြီး အလောင်းကိုစစ်ဆေး ရာ သေဆုံး သူ ဦးဘိုးငို အသက်(၃၇)နှစ် (ဘ)ဦးတင်မောင်ဝင်း၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်းမှာ ၄င်း၏နေအိမ် အ တွင်း အမြင့် ၁ဝ ပေခန့်ရှိ ခေါင်တန်းမှ ခြင်ထောင်ကြိုးချည် ရာတွင်အသုံးပြုသည့်ချည်ကြိုးဖြင့် လည်ပင်း ကြိုးကွင်းစွပ်လျက် သေ ဆုံးနေပြီး လည်ပင်းတွင် ပြတ်ရှ ဒဏ်ရာနှစ်ချက် တွေ့ရှိရသဖြင့် သက်သေများရှေ့ တွင် အသုံးပြု ထားသည့် ကြိုးကို ရှာဖွေပုံစံ အဖြစ် သိမ်းဆည်းပြီး ရဲဆေးစာဖြင့် မြစ်ကြီးနား အထွေထွေကု
ဆေးရုံ ကြီးသို့ပို့ဆောင်ခဲ့ရာ PR28 ဖြင့် လက်ခံထားရှိသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒုရဲအုပ်စောမျိုးလင်းကတရားလိုပြု လုပ်၍ သေမှုသေခင်းအမှတ် ၁၄/ ၂ဝ၁၄
ဖြင့် အမှုဖွင့်လှစ်ထားပြီး သေဆုံးသူမှာဓမ္မတာအတိုင်းသေဆုံး ခြင်းဟုတ်မဟုတ်နယ်မြေစခန်းမှူး ရဲအုပ်
အေးကျော်က ဆက်လက်စစ် ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မင်းမင်း(မြစ်ကြီးနား) | The Union Daily

မှတ်ချက်များ