အထည်ချုပ်ခ အပြည့်အဝရရှိဖို့ ဆန်နီစက်ရုံလုပ်သားတွေ ဆန္ဒပြ
ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် (၂ )၊ ဆရာစံလမ်းမှာရှိတဲ့ ဧရာဝတီ ဆန်နီအထည်ချုပ် စက်ရုံက အလုပ် သမား ၈ဝဝ နီးပါးဟာ မနေ့ကစပြီး စက်ရုံရှေ့မှာ ဆန္ဒပြနေကြပါတယ်။
ဆန္ဒပြ အလုပ်သမား တွေဟာ အကြောင်းမဲ့ အလုပ်မထုတ်ဖို့၊ ချုပ်လုပ်တဲ့ အထည်အရေ အတွက်ပေါ် မူ တည်ပြီးပေးတဲ့ ချုပ်ခကို အပြည့်အဝရရှိဖို့နဲ့ အချိန်ပိုအဓမ္မ အလုပ်မဆင်းခိုင်းဖို့ စတဲ့ အချက်တွေကို တောင်း ဆို နေကြပါတယ်။
ဒီစက်ရုံမှာရှိတဲ့ အလုပ်သမားတွေဟာ တစ်ရက်လုပ်ခ ကျပ် ၁၁ဝဝ ကနေ ၁၄ဝဝ အထိရရှိကြပြီး တစ်ရက် လုပ်ခထက် ပိုအောင်ချုပ်နိုင်တဲ့ ချုပ်ခတွေ အပြည့်အဝရရှိဖို့ အဓိကတောင်းဆို နေကြတာပါ။
RFA Burmese

မှတ်ချက်များ