မယ်ရီစ်ဗီးလ် အထက်တန်းကျောင်း ပစ်ခတ်မှုတွင် သေနတ်သမားကို ဆရာမ တစ်ဦးက ရဲဝံ့စွာ တားဆီးခဲ့

 ကျောင်းသားကျောင်းသူများကို အသက်စွန့် ကယ်တင်ခဲ့သူ ဆရာမ မီဂန်(၀ဲ)နှင့် သေနတ်သမား ဂျေလန် (ယာ)။ ဓာတ်ပုံ – Mirror
အမေရိကန်နိုင်ငံ ၀ါရှင်တန် ပြည်နယ် ဆီယက်တဲလ်မြို့ အနီးရှိ မယ်ရီစ်ဗီးလ် အထက်တန်း ကျောင်းတွင်း
ဖြစ်ပွားခဲ့သည့် သေနတ် ပစ်ခတ်မှုတွင် သေနတ်ဖြင့် ပစ်ခဲ့သည့် ကျောင်းသားကို အသက်စွန့်ကာ ၀င်ရောက် တားဆီးခဲ့သည့် ဆရာမ တစ်ဦးမှာအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကိုကယ်တင်ခဲ့သူသူရဲကောင်း အဖြစ် အများ၏ ဂုဏ်ပြုခြင်းကို ခံနေရသည်။

မယ်ရီစ်ဗီးလ် အထက်တန်း ကျောင်းမှ ဆရာမ မီဂန် ဆီလ်ဘာဂါသည် ကျောင်းကင်တင်း အတွင်း သေနတ်
ဖြင့် ပစ်ခတ်နေသည့်အသက်၁၅ နှစ်အရွယ်ဂျေလန် ဖရိုင်းဘာ့ဂ် အမည်ရ ကျောင်းသားကို အတင်း ၀င်လုံး ကာတားဆီးခဲ့ခြင်း ဖြစ်သည်။ဆရာမမီဂန်တားဆီး နိုင်ခြင်းမရှိမီတွင် ဂျေလန်၏ပစ်ခတ်မှုကြောင့်ကျောင်း သူ တစ်ဦး နေရာမှာပင် သေဆုံးခဲ့ပြီး အခြား ကျောင်းသူ၊ ကျောင်းသား လေးဦးမှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ သည်။ ဒဏ်ရာ ရခဲ့သည့် ကျောင်းသား နှစ်ဦး မှာ သေနတ်သမား ဂျေလန်၏ ၀မ်းကွဲ ညီအစ်ကိုများ ဖြစ်ကြ သည်။

ဂျေလန်သည် ၎င်းအား ဝင်ရောက် ချုပ်နှောင်သည့် မီဂန်ကို သေနတ်ဖြင့် ထိုးချိန်ခဲ့ သေးသော်လည်း ကိုယ့် ကိုယ်ကို ပြန်လည် ပစ်ခတ်ကာ သတ်သေ သွား ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ မီဂန် အနေဖြင့် ဂျေ လန်ကို ယခုကဲ့သို့ အသက် အန္တရယ် မငဲ့ကွက်ဘဲ တားဆီး ခဲ့ခြင်း မရှိပါက ယခုထက်ပို၍ အသက် များစွာ ဆုံးရှုံး စေမည့် အခြေအနေ ရှိနေရာ ရဲဝံ့လှသည့် ဆောင်ရွက်မှု အတွက် မီဂန်ကို ကျောင်းသား၊ ကျောင်း သူများက ဂုဏ်ပြုစကား ပြောကြား ခဲ့ကြသည်။

“ဆရာမမီဂန်က တကယ့် ရဲဝံ့တဲ့ သူရဲကောင်းပါပဲ။ သေနတ်နဲ့ သူတစ်ယောက်ကို ရဲရဲ ရင်ဆိုင်လိုက်တဲ့ သူ တစ်ဦးပါ”ဟု အရေးပေါ်သို့ ဦးဆုံး အကြောင်းကြား ခဲ့သည့် ကျောင်းသားဖြစ်သည့် အီရစ် ကာဗန်တီကပြော သည်။ “ဖရိုင်းဘာ့ဂ်က သေနတ်မောင်း ချိန်ပြီးရင် ကင်တင်းတွင်း ပြန်ပစ်နိုင်သလို ဆရာမဆီကိုလည်း ချိန် ရွယ် ပစ်လိုက်နိုင်တယ်။ ဒီကြားထဲက ဆရာမက သေနတ်ကို ဝင်လုတာပါ။ ဖရိုင်းဘာ့ဂ်က ပစ်ခတ်ဖို့ ကြိုး စားသေးတယ်။ နောက်တော့ ကိုယ်လည်ပင်းကိုယ် ပစ်ခတ် သတ်သေသွားတာ ဖြစ်တယ်”ဟု ၎င်းက ဆက် လက်ပြောခဲ့သည်။

mizzima

မှတ်ချက်များ