ခရစ်ယာန်ကျမ်းစာအုပ်ပေးမှုဖြင့် အဖမ်းခံရသူ အမေရိကန်နိုင်ငံသား ပြန်လွတ်

ဂျက်ဖရေး ဖိုလေ
မြောက်ကိုရီးယားနိုင်ငံမှာ ၆ လကြာ ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသားတဦး ပြန်လွတ်လာပြီလို့ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က ကြေညာပါတယ်။

အသက် ၅၆ နှစ်ရှိ ဂျက်ဖရေး ဖိုလေ (Jeffrey Fowle) ဟာ နိုင်ငံခြားသား သင်္ဘောသားတွေကို ခရစ်ယာန် သမ္မာ ကျမ်းစာအုပ် (Holy Bible) ပေးမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရတာပါ။

မြောက်ကိုရီးယားက ဆွီဒင်သံရုံးက စေ့စပ်ပေးမှုနဲ့ ပြန်လွှတ်လာခဲ့ပြီး အခုတော့ မိသားစုရှိရာ အိုဟိုင်းအိုပြည် နယ်ကို ပြန်ရောက်ရှိသွားပြီလို့ နိုင်ငံခြားရေးဌာနပြောခွင့်ရက ပြောဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား ၂ ဦး ပြန်လည် လွတ်မြောက်ရေးကို လည်း အမေရိကန်အစိုးရ ဆက်လက်ကြိုးစားနေပါတယ်။

ဖမ်းခံထားရသူ ၂ ဦးထဲက တဦးကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံထားရပါတယ်။

DVB

မှတ်ချက်များ