မည်သည့် သင်္ချာ ညီမျှခြင်းကို မဆို ဖုန်းဖြင့် ဓာတ်ပုံ ရိုက်လိုက်ရုံနဲ့ တွက်ပြီးသား ထွက်လာမည်


သင်္ချာ ဆရာများ အတွက် အိပ်မက်ဆိုး ဖြစ်သည်။ နည်းပညာ လောက အတွက်ကား တိုးတက်မှု တစ်ခုဟု ဆိုနိုင်သည်။

အိုင်ဖုန်းနှင့် ၀င်ဒိုးဖုန်း တို့ဖြင့် သုံးနိုင်မည့် အပလီကေးရှင်းသည် မည်သည့် သင်္ချာ ညီမျှခြင်း ကိုမဆိုဖုန်း ကင်မရာဖြင့် ဓာတ်ပုံရိုက်ပေး လိုက်ရုံဖြင့် အလိုလျောက် တွက်ထုတ်ကာ အဖြေကို ဖော်ပြပေးမည် ဖြစ် သည်။ တွက်ချက်မှု အဆင့်ဆင့်ကို ကြည့်လို ပါကလည်း အဖြေကို တစ်ချက်လောက် ထောက်လိုက်ရုံနဲ့ အဆင့်လိုက် ဖော်ပြ ပေးသွားမည် ဖြစ်သည်။

Photo Math အပလီကေးရှင်း ဟု အမည် ပေးထားသည်။ ခရိုအေးရှား နိုင်ငံမှ Micro Blink စွန့်ဦး တီထွင် လုပ်ငန်းက တီထွင်ခြင်း ဖြစ်သည်။ သုံးနှစ်နီးပါး အချိန်ယူ စမ်းသပ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

““ဒီအပလီကေးရှင်း တီထွင် ထုတ်လုပ် ရတာကတော့ သင်ယူမှုပိုင်းမှာ အထောက်အကူ ပြုစေဖို့ ဖြစ်ပါ တယ်။ ညီမျှခြင်း တစ်ခုကို ဖြေရှင်းတဲ့ အသေးစိတ် အချက်အလက်တွေ အပြည့်အစုံ ဖော်ပြ ပေးနိုင်တာ
ကြောင့် ဘယ်လို ဖြေရှင်းလဲ ဆိုတာ နမူနာ ယူနိုင်ကြမှာ ဖြစ်ပါတယ်”” ဟု Micro Blink က ပြောသည်။

လန်ဒန်တွင် ကျင်းပသော နည်းပညာ ပြပွဲတွင် ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်သည်။ အိုင်အိုအက်စ်နှင့် ၀င်းဒိုး ဖုန်းများတွင် သုံးနိုင်ပြီ ဖြစ်ပြီး နှစ်ကုန်ပိုင်းတွင် အန်းဒရွိုက် ဖုန်းများဖြင့်ပါ သုံးနိုင်အောင် စီစဉ်သွားမည်ဟု သိရသည်။

Messenger

မှတ်ချက်များ