မော်ဒယ်ကောင်းမြတ်ဟိန်း သေဆုံးမှုမှာ ဓမ္မတာအတိုင်း ရေနစ်
သေဆုံးခြင်းမဟုတ်ဟု တရားရုံးက စီရင်ချက်ချပြီးသည့်နောက် တွင် အမှုမှန်ဖော်ထုတ်ပေးပါရန် တောင်းဆိုကြောင်း မော်ဒယ်
ကောင်းမြတ်ဟိန်း၏ မိသားစုဝင်များက The Daily Eleven သ တင်းစာသို့ ပြောကြားသည်။
အောက်တိုဘာ ၂ဝ ရက်တွင် အင်းစိန်မြို့နယ်တရားရုံးက Mister & Miss University 2014 ပြိုင်ပွဲဝင် မော်ဒယ်ကောင်းမြတ်ဟိန်း၏
ရေနစ်သေဆုံးမှုသည် ဓမ္မတာအတိုင်း ရေနစ်သေဆုံးခြင်းမဟုတ် ဘဲ လူ့ပယောဂ တစ်စုံတစ်ရာ ပါဝင်နိုင်သည်ဟု အမိန့်ချမှတ်ပြီး
နောက် မိသားစုဝင်များက ကောင်းမြတ်ဟိန်းအား သေဆုံးစေရန် မည်သူ၊ မည်ဝါ ပြုလုပ်သည်ကို သိရှိလိုသဖြင့် အမှုမှန်ဖော်ထုတ်
ပေးရန် ဆန္ဒရှိနေကြခြင်း ဖြစ်သည်။
ဇူလိုင် ၂၂ ရက် နံနက် ၁ နာရီခန့်က အင်းစိန်မြို့နယ်မြို့တော်
ဂေါက်ကွင်းဟိုတယ်တွင် စခန်းဝင်လေ့ကျင့်နေသော အဝေးသင် တက္ကသိုလ်ကျောင်းသား မော်ဒယ်ကောင်းမြတ်ဟိန်းမှာ ဟိုတယ်
ရေကူးကန်တွင် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့သေဆုံးမှုကို အင်းစိန်မြို့နယ်တရားရုံးက စီအိုင်ဒီမှ ရဲအရာရှိအပါအဝင် သက်သေ ၁၅ ဦးနှင့် နောက်တိုးသက်သေ လေးဦးတို့ကို စစ်ဆေးခဲ့ပြီးသည့်နောက် မ သင်္ကာဖွယ်ရာ အချက်အလက်များ ရှိနေသဖြင့် လူ့ပယောဂ ပါဝင်နိုင်သော သေဆုံးမှုဖြစ်သည်ဟု စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။
“လူ့ပယောဂ ပါဝင်နိုင်တယ်ဆိုတဲ့ သံသယဖြစ်စရာအကြောင်း အများကြီးပါဝင်နေတယ်။ ကျွန်တော့်ညီဟာ
ရေကန်ထဲကနေပြီးတော့ တက်သွားတာကို မြင်တဲ့လူလည်း ရှိတယ်။ ချမ်းလို့ အခန်းကိုပြန်တက်တော့မယ် ဆိုတာကို ကျောင်းသားတွေရဲ့ သက်သေခံချက်တွေလည်း ရှိပါတယ်။ ကြွက်တက်မလိုလည်း ဖြစ်သေးတဲ့ အတွက် ရေထဲကနေပြီး ဆွဲတင်လိုက်တဲ့သူကလည်း ထွက်ဆိုချက်တွေရှိတယ်။
ညီရဲ့အခန်းထဲမှာလည်း ရေစိုအဝတ်၊ တဘက်တွေက လုံးထွေးထားတာကို တွေ့ရတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် ရေကန်ထဲက ပြန်တက်လာတာ ထင်ရှားနေတာပဲ။ ရေကန်ထဲမှာ အလောင်းကိုတွေ့ရတယ်လို့ ကုမ္ပဏီဘက်ကပြောလို့ သိရတဲ့အခါကျတော့ သူဘယ်လိုလုပ်ရေကန်ထဲ ပြန်ရောက်နေသလဲဆိုတာစဉ်း စားစရာပါ” ဟု သေဆုံးသွားသည့် ကောင်းမြတ်ဟိန်း၏ အစ်ကိုဖြစ်သူ ကိုအောင်ကိုကိုက မေးခွန်းထုတ် သည်။
ထို့ပြင် ၎င်းညီဖြစ်သူ၏ ရုပ်အလောင်းကို နံနက် ၉ နာရီခန့်တွင် တွေ့ရသောအခါတွင်လည်း အလောင်း၏နှာခေါင်း၊ နားတို့တွင် သွေးထွက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ အလောင်းမြေချရန် ရေခဲတိုက်မှ ပြန်လည်သယ်ယူလာသော အခါတွင်လည်း အလောင်း၏လည်ပင်းတွင် အစင်းရာဒဏ်ရာများ တွေ့ရှိခဲ့ရသဖြင့် မသင်္ကာဖွယ်ရာ အချက်များစွာ ရှိနေသည်ဟု ကိုအောင်ကိုကိုက ဆိုသည်။
“မှုခင်းဆရာဝန်ကြီးရဲ့ စစ်ချက်အရလည်း ဒဏ်ရာဒဏ်ချက်တွေ ရှိတယ်ဆိုတာ သိရတယ်။ နောက်ပြီး သွေး ထဲမှာ အယ်လ်ကိုဟော percentage ရှိနေတာ တွေ့ရတယ်။ ဒါပေမဲ့ အစာအိမ်ထဲမှာတော့ မရှိဘူး။ အစ်ကို့ ညီ ကအရက်၊ ဆေးလိပ်တို့မပြောနဲ့ လက်ဖက်ရည်ဆိုင်တောင် သွားမထိုင်တတ်တဲ့ကလေးပါ။ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ အမှုမှန်ပေါ်ပေါက်အောင် ဖော်ထုတ်ပေးကြပါလို့ ပြောချင်ပါတယ်။ ကျွန်တော့်ညီကိုသေအောင် ဘယ်သူဘယ်ဝါ လုပ်တယ်ဆိုတာ သိရရင်တော့ ကျွန်တော်တို့ တရားစွဲဆိုသွားဖို့ အသင့်ပါပဲ” ဟု ပြောကြား သည်။
မော်ဒယ်ကောင်းမြတ်ဟိန်းသည် အဝေးသင်တက္ကသိုလ်ကျောင်းသား ဖြစ်သောကြောင့် ယင်းပြိုင်ပွဲကို အ ဆင့်ဆင့်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရပြီး ၎င်းမသေဆုံးမီအချိန်တွင် ပြိုင်ပွဲ၏ဆန်ခါတင်စာရင်း၌ အဆင့်နံပါတ် (၅)အဖြစ် ရောက်ရှိခဲ့သူဖြစ်ကြောင်း သိရသည်။
EMG
ပင်မ
/
မော်ဒယ်ကောင်းမြတ်ဟိန်း သေဆုံးမှုမှာ ဓမ္မတာအတိုင်း ရေနစ်သေဆုံးခြင်းမဟုတ်ဟု တရားရုံးက စီရင်ချက်ချပြီးနောက် အမှုမှန်ဖော်ထုတ်ပေးရန် မိသားစုဝင်များ တောင်းဆို

မှတ်ချက်များ