လာဘ်စားမှုညွှန်းကိန်း မြန်မာအဆင့် ၁၅ ဆင့် တက်လာ
လာဘ်စားမှုများရှိနေသော်လည်း နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့(TransparencyInternational) က ၂၀၁၃ ခုနှစ်အတွက် ထုတ်ပြန်သည့်လာဘ်စားမှုအညွှန်းကိန်းတွင် မြန်မာနိုင်ငံ သည် ပြီးခဲ့သည့်နှစ်ကထက် အဆင့် ၁၅ ဆင့် တက်လာကြောင်း သတင်းရရှိသည်။
နိုင်ငံပေါင်း ၁၇၇ နိုင်ငံအတွက် ထုတ်ပြန်သည့် လာဘ်စား မှုအညွှန်းကိန်းတွင် ၂၀၁၂ ခုနှစ် က အဆင့် ၁၇၂ ရှိခဲ့ပြီး ၂၀၁၃ တွင် အဆင့် ၁၅၇ သို့ရောက်ခဲ့သည်ဟု နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ ၏ ထုတ်ပြန် ချက်တွင် ဖော်ပြသည်။
‘‘ငွေကြေးခ၀ါချမှု ဥပဒေနောက်လာဘ်စားမှု တိုက်ဖျက်ရေးကော်မတီဖွဲ့တယ်။ နောက် EITI လည်း ဖွဲ့ လိုက်ပြီဆိုတော့ ဒါတွေ ကိုကြည့်ပြီး အဖွဲ့အစည်းတွေ ရှိ လာပြီဆိုတော့ ဒါကြောင့် တက် လာတာဖြစ်မယ်’’ ဟု အမေရိကန် အခြေစိုက် စီးပွားရေးလုပ်ငန်း အကြံပေးကုမ္ပဏီဖြစ်သော De-loitte ကုမ္ပဏီ ဒါရိုက်တာ ဦးချစ်ထွန်းဖေက ဆိုသည်။
ထို့အပြင် ၀န်ကြီးဌာနပိုင်း တွင်လည်း လုပ်ထုံးလုပ်နည်းများ ဖြေလျှော့မှုများရှိခဲ့ခြင်းနှင့် လိုင် စင်လျှောက် ထားမှုပိုင်းများ၌ လုပ် ထုံးလုပ်နည်းများ လျှော့လိုက်သဖြင့် ယခုကဲ့သို့ လာဘ်စားမှု အညွှန်းကိန်းတက်လာ
ခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူဒေါက်တာစိုးထွန်းက ပြောသည်။
သို့သော် သမ္မတဦးသိန်းစိန် အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအား လုပ်ပိုင် ခွင့်အာဏာများ ခွဲဝေပေးခဲ့သဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ စီမံကိန်းများတွင် လာဘ်စားမှုများရှိနေသေးကြောင်း စုံစမ်းသိရှိသည်။
နိုင်ငံတကာ ပွင့်လင်းမြင် သာမှု အဖွဲ့က ထုတ်ပြန်သော ၂၀၁၃ ခုနှစ် အညွှန်းကိန်းတွင် အာဆီယံနိုင်ငံများ ထဲ၌ စင်ကာပူ နိုင်ငံက အဆင့် ၅၊ မလေးရှား နိုင်ငံအဆင့် ၅၃၊ ဖိလစ်ပိုင်နိုင်ငံ ၉၄၊ ထိုင်းနိုင်ငံ ၁၀၂ ၊ အင်ဒို နီး ရှားနိုင်ငံ ၁၁၄၊ လာအို ၁၄၀ နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှာ အဆင့် ၁၆၀ ရှိပြီး အာဆီယံနိုင်ငံများထဲ တွင် ကမ္ဘောဒီယားနိုင်ငံ တစ်နိုင်ငံတည်းသာ မြန်မာနိုင်ငံအောက်တွင် ရှိနေသည်။
အောင်သူရ | 7day

မှတ်ချက်များ