ပြူတင်းပေါက် မပါသည့် လေယာဉ်တစ်မျိုး တည်ဆောက်ရန် ကြံရွယ်နေ


ပြူတင်းပေါက် မပါပဲ ဘေးပတ်ဝန်းကျင် မြင်ကွင်းများကို လွတ်လွတ်လပ်လပ် ကြည့်ရှုခံစား နိုင်မည့် ခရီး သည်တင် လေယာဉ် တီထွင်ရေး စိတ်ကူး စိတ်သန်းသည် ဆယ်စုနှစ်အတွင်းအကောင်အထည်ပေါ် ကာ မျက်ဝါးထင်ထင် မြင်တွေ့ ရ တော့မည် ဖြစ်သည်။

ယင်း လေယာဉ်ပျံကို စီးနိုင်မည့် ခရီးသည်များ အနေဖြင့် အင်တာနက်နှင့် အီမေးလ်များကို ဘေးအကာအ
ဖြစ်တည်ဆောက် ထားသည့် မှန်သား မျက်နှာပြင် မှပင် အသုံးပြုသွား နိုင်မည် ဖြစ် သလို လေ ယာဉ်စီး ခရီး စဉ် တစ်လျှောက် ကောင်းကင် မြင်ကွင်း ကိုလည်း တိုးလျှိုပေါက် ကြည့်ရှု ခံစားသွား နိုင်မည် ဖြစ်သည်။

ယင်းလေယာဉ်သည် ပြူတင်းမှန်များ အစား ဘေးအကာ အဖြစ် တို့ထိနိုင်သည့် မျက်နှာပြင် (Smart Screen) များကို အပြည့် ကာရံ တည်ဆောက်မည် ဖြစ်၍ယင်းစမတ်မှန်များမှပင်အင်တာနက်နှင့်မေးလ် များကို သုံးစွဲ သွားနိုင်မည် ဖြစ်သည်။ ဆန္ဒရှိ၍ အပြင် မြင်ကွင်း များကို ပိတ်ချင်သည့် အခါတွင်လည်း ယင်းစမတ် မျက်နှာ
ပြင် များကို ပိတ်နိုင်အောင် ပြုလုပ်ပေး ထားမည် ဖြစ်သည်။ ယခု နည်းပညာ စိတ်ကူးကို နည်းပညာ ကုမ္ပဏီ Centre for Process Innovation (CPI)က စိတ်ကူး တီထွင်နေခြင်း ဖြစ်သည်။

လေယာဉ် ကိုယ်ထည်ကို ယင်းသို့ စမတ် မှန်သားဖြင့် တည်ဆောက်ခြင်း ဖြစ်ပြီး ကိုယ်ထည် အပြင်တွင် လို သလို ရွေ့ နိုင်သော ကင်မရာ များ ပါရှိ၍ ပြင်ပ မြင်ကွင်း ပုံရိပ်ကို လေယာဉ်အတွင်း လိုက်ပါ စီးနင်းလာသည် ခရီးသည်များ ကြည့်ရှု မြင်တွေ့ နိုင်မည် ဖြစ်သည်။ ၎င်းပြင် ကုမ္မဏီက လေယာဉ်၏ အလေးချိန် ကိုလည်း
လျော့ချ နိုင်အောင် စီမံမည် ဖြစ်သည်။

အလေးချိန် လျော့ကျခြင်း ဖြင့်လောင်စာ ကုန်နှုန်းကို လျော့ကျ စေ မည်ဖြစ်ရာ လေယာဉ်စီး ခရီးသည်များ အတွက် လေယာဉ် နှုန်းထား များကိုလည်း သက်သာ စေမည်ဟု ကုမ္ပဏီက မျှော်လင့် ထားသည်။ တွက် ချက်မှုများ အရ လေယာဉ်တွင် အလေးချိန် ၁ ရာခိုင်နှုန်း လျော့ချနိုင်လျှင် လောင်စာ စားနှုန်း ၀.၇၅ရာခိုင်နှုန်း သက်သာကြောင်း သိရသည်။

လေယာဉ်၏ စမတ်မှန်သည် ပြင်ပ မြင်ကွင်းကို အတွင်းက ခရီးသည်များ မြင်အောင် ဖန်တီးရာ တွင်လည်း ကြည့်ရှု နေသည့် ခရီးသည်၏ မြင်လိုသည့် ပုံရိပ်ကို မျက်လုံးရွေ့ လျားမှုကို လိုက်၍ ပြောင်းလဲ ပြသ နိုင်
အောင်လည်း စီမံထားသည်။ “ယုတ္တိကျကျ တွေးရရင် လေယာဉ် ပြူတင်းပေါက်တွေ မရှိပဲ ထားကြည့် ပါစို့ ။ ဒီကျရင် ခရီးသည်တွေ ဘာဖြစ်မလဲ။ စဉ်းစား ကြည့်ပါ။ ပြူတင်းပေါက်မဲ့ လေယာဉ်တွေ ပေါ်လာရင်ပြူတင်း
ပေါက်တွေ နားမှာ ထိုင်နေ ရတဲ့ ခုလေယာဉ် တွေက ခရီးသည်တွေ အတွက် အနှောက်အယှက် ဖြစ်နေ လိမ့် မယ်”ဟု CPI ကိုယ်စားလှယ် ဒေါက်တာ ဂျွန်ဟဲလ် လီဝဲလ်က ပြောခဲ့သည်။ “လေကြောင်း စက်မှု လုပ်ငန်း မှာတိုးတက်ဖို့  ကျွန်တော်တို့ လက်ရှိ အချိန်မှာ စဉ်းစား နေပါပြီ”ဟုလည်း ၎င်းက ဖြည့်စွက် ပြောသွားသည်။

mizzima

မှတ်ချက်များ