ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ရေမြောင်းထဲ ထိုးကျ ခြောက်ဦး သေဆုံး

မကွေးတိုင်း ဒေသကြီးဂန့်ဂေါမြို့နယ် တောင်ခင်ရန်း
ရဲကင်း စခန်းမှူး ဒုတိယ ရဲအုပ် သိန်းဇော်သည် ယ မန်နေ့ နံနက် ၆ နာရီ ၄၈ မိနစ်က တာဝန်မှူး တာဝန်
ဆောင်ရွက်နေစဉ် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား
ကြောင်းသတင်းအရသွားရောက်စစ်ဆေးရာမြောက် ခင် ရန်း ကျေးရွာနှင့် သင်တောကျေးရွာကြား ဂန့်ဂေါ -ကလေးသွား ကားလမ်း မိုင်တိုင် အမှတ်(၃၅/ဝ)နှင့် (၃၅/၁)အကြား၌ မြောက်ခင်ရန်းကျေးရွာမှ စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့သို့ ဈေးဝယ်ရန်ခရီးသည်
၁၂ ဦးခန့် တင်ဆောင်ပြီး ယာဉ်မောင်း ပါသဲ ၂၇ နှစ် တီ အိုကျေးရွာ ထန်တလန်မြို့နယ် နေသူ မောင်းနှင်
သော FOTON အဖြူရောင် ခြောက်ဘီးယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ဘယ်ဘက် ပေ ၄ဝ ခန့်ရှိ
ရေမြောင်းထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။

ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် ပြင်ပဒဏ်ရာများ မတွေ့ရှိဘဲ သေဆုံးသူ သုံးဦး မှာ ဖိုးချက် ၃၈ နှစ်၊ မမိ တိုး ၃၆ နှစ် မြိုင်မြို့နယ် ဆိပ်သား ကျေးရွာနေသူနှင့် ခင်ဇော်နိုင် သုံးနှစ် ရွာသစ်ကုန်း ကျေးရွာ ဆိပ်ဖြူမြို့ နယ် နေသူ တို့ဖြစ်ကာ ပြင်ပ ဒဏ်ရာများ ရရှိ၍ သေဆုံးသူ သုံးဦးမှာ ဒေါ်ကြည်လင် ၆ဝ နှစ် တောင်ခင်ရန်း
ကျေးရွာ ဂန့်ဂေါမြို့နယ် နေသူတွင် ဝဲဘက်နားထင် ဖူးယောင်ဒဏ်ရာ၊ အောင်သူလင်း ၂ဝ နှစ် တောင်ခင် ရန်းကျေးရွာ ဂန့်ဂေါမြို့နယ် နေသူတွင် ယာနားသွေးထွက် ဒဏ်ရာ၊ မခင်ဌေးကြည် ၄၁ နှစ် ရွာသစ်ကုန်း
ကျေးရွာ ဆိပ်ဖြူမြို့နယ် နေသူတွင် ယာနားထင် ပေါက်ပြဲဒဏ်ရာ ရရှိကာ သေဆုံးခဲ့ပြီး ကျန်ခရီးသည်
ခြောက်ဦးမှာ ဒဏ်ရာ အသီးသီး ရရှိခဲ့သည်။

ထို့ကြောင့် ယာဉ်မောင်း ပါသဲကို ဂန့်ဂေါ မြို့နယ် ကန်နယ်မြေ ရဲစခန်းက ယာဉ် (ပ)၁၅/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈/၃၃၇ အရ အရေးယူ ထားကြောင်း သိရသည်။

မြ၀တီ

မှတ်ချက်များ