ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး ပုရွတ်ဆိတ် (၃) မျိုး


ပုရွတ်ဆိတ်ဆိုတာ အလွန်သေးငယ်တဲ့ သတ္တဝါလေးတွေပါ။ သို့ပေမဲ့ သူ့ရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်အတွင်း တချို့သောပုရွတ်ဆိတ်တွေမှာ အသက်သေစေနိုင်တဲ့ အဆိပ်အတောက်တွေ ပါဝင်တယ်။ ဒါ့ကြောင့်မို့ အဲဒီ ပုရွတ်ဆိတ်အကြောင်းတွေကို သင့်ရဲ့အချိန်တွေထဲက ခဏလောက်ဖဲ့ပြီးတော့ဖြစ်ဖြစ် ဖတ်ရှုထားသင့်ပါ တယ်။

(၃) အဝါရောင်သီးနှံစားပုရွက်ဆိတ် (Yellow Harvester Ant)


နောက်အမည်တမျိုးက Marcopa Harvester Ant ပါ။ ကြည့်လိုက်ရင်တော့ သေးငယ်ပြီး ဘာအန္တရာယ်မှ
ပေးနိုင်မယ့်ပုံမရှိပါ။ ဒါပေမဲ့ အဆိပ်အသက်အပြင်းဆုံးပိုးကောင်ထဲက တမျိုးပါ။ အမေရိကနိုင်ငံ အာရီဇူးနား မှာသာတွေ့ရတယ်။ ဒီအကောင်ရဲ့ အကိုက်ခံလိုက်ရပြီးဆိုရင် ခန္ဓာကိုယ်ယောင်ယမ်းလာမှုတွေဖြစ်လာ တယ်။ ဓာတ်မတည့်မှုတစ်ခုခုဖြစ်ရင် အသက်ပါဆုံးရှုံးနိုင်တယ်။ တစ်ချက်အကိုက်ခံရပြီးဆိုရင် အလေးချိန် ၂ ကီလိုဂရမ်ရှိ ကြွက်တစ်ကောင်တောင် အသက်သေနိုင်ပါတယ်။

(၂) Red Harvester ပုရွတ်ဆိတ်


အဆိပ်အတောက်အပြင်းဆုံး ပုရွတ်ဆိတ်ထဲ တစ်ခုဖြစ်တယ်ဆိုပေမဲ့ Fire Ants ပုရွတ်ဆိတ်တွေလောက်
တော့ ရန်လိုမှုသိပ်မရှိပါဘူး။ နောက်ပြီး ဒီပုရွတ်ဆိတ်အမျိုးအစားများကို အမေရိကမှာသာ တွေ့ရပါတယ်။ အကိုက်ခံရရင် အရေပြားယောင်မှုဖြစ်လာပြီး နာကျင်မှု ခံစားလာမှာဖြစ်တယ်။ ခန္ဓာကိုယ်ဓာတ်မတည့်မှု
တွေကြောင့် အသက်ဆုံးမှုဖြစ်ပွားနိုင်တယ်။

(၁) Fire Ants ပုရွတ်ဆိတ်


အခြားအခြားသော ပုရွတ်ဆိတ်အမျိုးအစားထဲမှာ Fire Ants ပုရွတ်ဆိတ်တွေ ကိုက်ခံရမှုနဲ့ သေဆုံးမှုအများ ဆုံးဖြစ်တာပါ။ (၁) နှစ် ကမ္ဘာပေါ်မှာ လူအယောက် ၂၀ ဝန်းကျင်လောက်သေဆုံးကြတယ်။ ဒီပုရွတ်ဆိတ်အ မျိုးအစားတွေရဲ့အကိုက်ခံရမှုကြောင့် အသားကျွမ်းခြင်း၊ ယောင်ယမ်းနာကျင်ကိုက်ခဲလာမှုတွေဖြစ်လာပြီး ဓာတ်မတည့်မှုရှိပါက အသက်သေဆုံးနိုင်ပါတယ်။ အာရှတိုက်၊ အမေရိကတိုက်နဲ့ ဥရောပနိုင်ငံတွေမှာတွေ့ ရပါတယ်။

Trend Myanmar

မှတ်ချက်များ