သီလရှင်များကို လေးစားရန် ရခိုင်အမျိုးသမီး အစည်းအရုံးထုတ်ပြန်
အမျိုးသမီး သာသနာ့ ဝန်ထမ်းများဖြစ်ကြသည့် သီလရှင်များကို ရိုသေလေးစားမှုရှိရန် နှင့် သာသနာပြုရေး လုပ်ငန်းများကို ဝိုင်းဝန်းကူညီပေးရန် ရခိုင်ပြည်နယ် အမျိုးသမီးအစည်းအရုံးက သတင်းထုတ်ပြန် တောင်း ဆိုလိုက်သည်။
“ကျွန်မတို့ ပတ်ဝန်းကျင်မှာ တွေ့နေရတယ် သီလရှင်တွေကို ဆိုရင်လူတွေက အရိုအသေမရှိကြဘူး၊ အလှူ အတန်းမရှိကြဘူး၊ သူတို့တွေဟာလည်း သာသနာ့ဝန်ထမ်း တစ်မျိုးဖြစ်တဲ့အတွက် လူ့အဖွဲ့အစည်းက ထိုက် တန်တဲ့ လေးစားမှုရှိဖို့လိုတယ်” ဟု ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ဆိုသည်။
ရခိုင်ပြည်နယ် ဗုဒ္ဓဘာသာဝင် လူ့အဖွဲ့အစည်းအနေဖြင့် သီလရှင်များကို ရိုသေလေးစားမှုရှိရန်နှင့် လှူဒါန်းမှု များ ပြုလုပ်နိုင်ရန် ရခိုင်အမျိုးသမီး အစည်းအရုံးက ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ယင်းထုတ်ပြန်ချက်ကို သာသ နာရေးဝန်ကြီးဌာနသို့ ပေးပို့သွားမည်ဟုလည်း ဆိုသည်။
mizzima

မှတ်ချက်များ