တယ်လီနောက အခမဲ့အစီအစဉ် ၇ ခု ပေးမည်
မကြာမီ ရန်ကုန်မှာ ဖြန့်တော့မယ့် နော်ဝေအခြေစိုက် တယ်လီနော မိုဘိုင်းဖုန်း ဆင်းကတ်တွေမှာ အခမဲ့အ စီအစဉ် ၇ ခုထိ ထည့်သွင်း ပေးထားမယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာပါတယ်။
အဲဒီအထဲ မြန်မာ့ ဆက်သွယ်ရေးမှာ ဆိုရင် ပြန် လည်လျှောက်ထားပြီး လစဉ်ကြေး နဲ့ နှစ်စဉ်ကြေး ပေးရတဲ့ Call Forwarding နဲ့ Call Waiting စနစ်တွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် ဖုန်းပြောနေ တုန်း နောက်ထပ် ဖုန်းတခု ထပ်ဝင်လာပါက ဖုန်းကို ချပစ်စရာမလိုပဲ ပြောင်းလဲကိုင်နိုင် တဲ့ Call Hold ၀န်ဆောင်မှု၊ လူ ၅ ယောက် တပြိုင်နက်တည်း ဖုန်းပြောနိုင်မယ့် Conference Call ၀န်ဆောင် မှုနဲ့ အ၀င်ခေါ်ဆိုမှုတွေကို Personal Voicemail ထဲကို ၀င်နိုင် မယ့် Call Divert ၀န်ဆောင်မှုနဲ့ ကိုယ်မကိုင် ချင်တဲ့ ဖုန်းတွေကို တားမြစ်ပေးတဲ့ Call Banning ၀န်ဆောင်မှုတွေ ပါဝင်ပါတယ်။
DVB

မှတ်ချက်များ