ကိုပါကြီးအမှု လိုအပ်ရင် တရားဥပဒေအရ ကူညီပေးမည်ဟု အန်အယ်လ်ဒီပြော


စစ်တပ်က ပစ်သတ်လို့ သေဆုံးခဲ့ရတဲ့ အလွတ်တန်း သတင်းထောက် ကိုပါကြီးအမှု အတွက် လိုအပ်ရင် တရားဥပဒေအရ အကူအညီ ပေးမယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင် ဦးထွန်းထွန်း ဟိန်းက ပြောပါတယ်။

လူတယောက် ထွက်ပြေးလို့ သေနတ်နဲ့ ပစ်သတ်တာဟာ ဥပဒေရ လုပ်ဆောင်လို့ မရကြောင်းနဲ့ အမှုအပေါ် မှာသာ မူတည်ပြီး တရာဥပဘောင်အတွင်းကသာ ဆုံးဖြတ်လုပ် ဆောင်ရမယ်လို့ ပြောပါတယ်။

“ထွက်ပြေးလို့ သေနတ်နဲ့ ပစ်သတ်တယ် ဆိုလို့ရှိရင်တော့ ဒါအလွန်ဆိုးတဲ့ ကိစ္စကြီးပေါ့။ ဒါက ဥပေဒကို
ဖောက်ဖျက်ကျူးလွန်ရာလည်း ရောက်ပါတယ်“ လို့ ဦးထွန်းထွန်းဟိန်းက ပြောပါတယ်။

ကိုပါကြီးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) ရဲ့ ပထမဦးဆုံး ဗဟိုလူငယ် ၁၉ ဦးမှာ ပါဝင်ခဲ့ပြီး က ရင်ပြည်နယ် တာဝန်ခံအဖြစ် ၁၉၈၉ ခုနှစ် မေလအထိ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာ ဒေါ်
အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ယူခဲ့တဲ့ သုံးရောင်ခြယ် အဖွဲ့ဝင်အဖြစ် တပ်ဦးတာဝန်တွေကို ထမ်း
ဆောင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

သူဟာ လက်ရှိအချိန်အထိ အလွတ်သတင်းထောက်အဖြစ် ရပ်တည်ပြီး ပြည်တွင်း ထုတ် ဂျာနယ် အနည်း ဆုံး ၃ စောင်လောက်မှာ သတင်းဆောင်းပါတွေ ပေးပို့နေသူဖြစ်တယ်လို့ သူ့ရဲ့ ဇနီး မသန္တာက ဒီဗွီဘီကို
ပြောပါတယ်။

ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်း လိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ် ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့ မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါ တယ်။

DVB

မှတ်ချက်များ