ဒါနတောင်ကျော်ကားလမ်း အလယ်ဗိုလ်တဲ စားသောက်ဆိုင် အနီးတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် လေးဦးသေဆုံးကာ ဆရာတော်တစ်ပါး အပါအ၀င် ၁၀ ဦး ဒဏ်ရာရရှိ

မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် ကုန်သွယ် လမ်း အလယ်ဗိုလ်တဲ စားသောက်ဆိုင်အနီးရှိ ခရီး သည်တင်ယာဉ်များနှင့် အလှူခံမဏ္ဍပ် အကြားတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် အလယ် ဗိုလ်တဲ ကျောင်းထိုင်ဆရာတော် အပါအဝင် ၁ဝ ဦး ဒဏ်ရာရရှိကာ လေးဦးသေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။

မြဝတီနယ်စပ် ကုန်သွယ်ရေးယာဉ်တန်း အဆင်းနေ့ ဖြစ်သော အောက်တိုဘာ ၁၁ ရက်က ကုန်တင်ယာဉ်တစ်စီး၏ လမ်းပိတ်ဆို့မှုကြောင့် ခရီးသည်အများအပြား လိုက်ပါလာသော ယာဉ်တန်းရပ်တန့်နေရစဉ် နံနက် ၁ဝ နာရီခွဲတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲခြင်း
ကြောင့် ဈေးသည်များနှင့် ခရီးသွားပြည်သူများ သေဆုံးဒဏ်ရာ ရရှိခဲ့ကြောင်း အလယ်ဗိုလ်တဲဆရာတော် ဦးစန္ဒိမာက မိန့်ကြားသည်။

“အလှူခံမဏ္ဍပ်က ကလေးတွေကို ကားတွေနား ဇွတ်မသွားဖို့၊ ကားတွေအရှိန်နဲ့လာလို့ အန္တရာယ်ရှိတယ် ဆိုပြီး သတိပေးဖို့ ကျောင်းပေါ်က ဆင်းလာတာ။ အလှူခံမဏ္ဍပ်ရယ်၊ စားသောက်ဆိုင်ရယ်၊ ခရီးသည်တင် ကားတွေ ကြားမှာကျတာ။ ဖြစ်ဖြစ်ချင်းတော့ ကိုယ်ဒဏ်ရာရတာ မသိဘူး။ ကျောင်းပေါ်တက်ပြေးပြီး ရောက် မှသိတာ။ ကျန်တဲ့ လူနာတွေကိုတော့ ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ကြပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

အောက်တိုဘာ ၁၁ ရက်က မြ၀တီ-ကော့ကရိတ်လမ်းပိုင်း အလယ်ဗိုလ်တဲအနီး လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများ ကော့ကရိတ်ဆေးရုံသို့ ရောက်ရှိကုသမှု ခံယူနေကြစဉ် (ဓာတ်ပုံ-ဒေါနအောင်တိုး)
အလယ်ဗိုလ်တဲ ဆရာတော် ဦးစန္ဒိမာမှာ ခြေထောက်ဒဏ်ရာရှိပြီး မြဝတီဆေးရုံသို့ ဆိုင်ကယ်ဖြင့် ရောက် ရှိလာကာ ကုသမှုများ ပြုခံယူလျက်ရှိသလို ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်သည့် ဒဏ်ရာရရှိသူ ကိုးဦး အနက် ဦးမြင့်သိန်း (၄ဝ) နှစ်မှာ ကော့ကရိတ် ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများတွင် ကော့ကရိတ်မြို့ တံတားဦးရပ်ကွက်မှ ဇော်လင်း ဦးနှင့်၎င်း ၏ သားနှစ်ဦးဖြစ်သော အာကာလင်း(၉)နှစ်၊ အာကာမင်း (၇) နှစ်တို့ အပါအဝင် မောင်ဝေဦး (၁၈)နှစ်၊ အရိုင်း(၃၂) နှစ်၊ စောလပုန်းအွာ(၁၇)နှစ်၊ ဦးရဲလင်း(၃၄)နှစ်၊ စောအလီ (၁၁) နှစ်၊ မသဇင် ဦး(၁၈) နှစ်တို့ဖြစ်ကြောင်း သိရသည်။ နေရာတွင် သေဆုံးသူများအား မည်သူမည်ဝါ ဖြစ်သည်ကို သိရှိခြင်း မရှိသေးကြောင်း ကော့ကရိတ်မြို့ခံ တစ်ဦးက ပြောကြားသည်။

“ဒေါနတောင်ပေါ်မှာ ဖြစ်တာတော့ မကောင်းဘူး။ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ ကုန်သွယ်ရေး လုပ် ငန်းတွေကို ထိခိုက်နိုင်ပါတယ်။ မြဝတီမြို့ရဲ့ စီးပွားရေးဟာ နယ်စပ်ကုန်သွယ်ရေးပါ။ အခုလိုဖြစ်တာ ကုန် သွယ်စီးဆင်းမှုကို လျော့ကျစေသလို ခရီးသွားလာမှု၊ ခရီးသွားလုပ်ငန်းတွေကိုလည်း အများကြီး ထိခိုက်နိုင် ပါတယ်” ဟု မြဝတီမြို့မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အောက်တိုဘာ ၁ဝ ရက်က ကော့ကရိတ်မြို့ အရှေ့ဘက် တတန်ကူးကော့နွဲရွာအဝင် မြေပုံအညွှန်း ခမည NU -231301နေရာ၌ နယ်မြေလှုပ်ရှား ခလရ ၂၃ဝ မှ ခေတ္တတပ်ရင်းမှူး ဦးစီးသောစစ်ကြောင်း နှစ်ကြောင်းမှ တပ်ဖွဲ့လေးဖွဲ့တို့ DKBA နှင့် နာရီဝက်ခန့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့သလို ဝါးပိုးတောင်နှင့် မယ်သဝေါ ကားလမ်းပိုင်း တပ်လုံခြုံရေးစခန်းအနီးသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ထိုင်းဘက်ကမ်းသို့ မြန် မာနိုင်ငံသား(၂ဝဝ) ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားများအားထိုင်း ဘက်ကမ်း မယ်သဝေါ ဘုန်းကြီးကျောင်းတွင် ထိုင်းစစ်တပ်နှင့် တာဝန်ရှိသူများက ကူညီစောင့်ရှောက်မှု များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


EMG



မှတ်ချက်များ