ဝိတ်ကျချင်သူတွေ မဖြစ်မနေ ရှောင်ကြဉ်ရမယ့်အချက် (၅) ချက်
ခန္ဓာကိုယ်ဝိတ်ကျအောင် ကြိုးစားနေသူတွေအတွက် ၀ိတ်ကျအောင်စားသောက်နေထိုင်နည်းတွေ ရှိသလို ကိုယ့်ရဲ့ပြုမူနေကျအလေ့အကျင့်တစ်ချို့ကိုလည်း ဖျောက်ပစ်ဖို့လိုအပ်လှပါတယ်။
အဲ့ဒီအကျင့်လေးတွေကတော့
၁။အစားအသောက်ကို လုံးဝရှောင်လိုက်တာမျိုး မလုပ်ပါနဲ့။
လူတိုင်းမှာ သူနှစ်ခြိုက်စွာ စားသုံးလေ့ရှိတဲ့ အစားအစာတွေ၊ သရေစာမုန့်တွေ ရှိတတ်ကြပါတယ်။ အဲ့ဒီအ စားအစာတွေက ၀ိတ်တက်စေတာမို့ လုံးဝမစားတော့ဘူးဆိုပြီး ရှောင်တာဟာ သင့်အတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ နည်းနည်းလေး ပြန်စားလိုက်ရရင် စားလို့ကောင်းလိုက်တာဆိုပြီး အတောမသတ်နိုင်ပဲရှိ တတ်ပါတယ်။ ဒီတော့ ကိုယ်ကြိုက်တဲ့အစားအစာကို စားပါ။ ဒါပေမယ့် ဘယ်လောက်ဆိုတဲ့ အတိုင်းအတာ ကိုထားပါ။ ဥပမာ သင်က ကွတ်ကီးအရမ်းကြိုက်တာမို့ တစ်ခါစားရင် ကွတ်ကီးဗူးတစ်ဗူးလုံးကုန်အောင် စားမယ့်အစား ၀ယ်ကတည်းက သုံးလေးခုပဲ ၀ယ်ထားတာမျိုးလုပ်ပါ။ စားတဲ့အခါလည်း တစ်ခုချင်းစီးကို အရသာခံပြီး သေချာစားပါ။ ဒါဆို သင်ပိုအဆင်ပြေသွား ပါလိမ့်မယ်။
၂။အိပ်ရေးပျက်ခံတာမျိုးတွေ မလုပ်ပါနဲ့။
ညဘက်အချိန်မှန်မအိပ်လို့၊ အိပ်ချိန်တွေလျှော့ချလိုက်တာမို့ မျက်တွင်းဟောက်ပက်ဖြစ်နေတာထက် ဆိုး တာကတော့ အိပ်ရေးပျက်တဲ့သူတွေဟာ အစားကို သာမာန်ထက်ပိုတိုးစားတတ်တယ်ဆိုတာပါပဲ။ ဒီအ ကျင့်ကို ပြင်မှ သင်ဝိတ်ချဖို့ကိစ္စ စဉ်းစားနိုင်မှာဖြစ်သလို ကျန်းမာတဲ့ဘ၀ကိုလည်း ရရှိလာနိုင်မှာပါ။
၃။အရက်သောက်လိုက် ၊ အစားတွေစားလိုက်လုပ်ခြင်းမျိုး ရှောင်ပါ။
သူငယ်ချင်းတွေနဲ့ အရက်စုသောက်ရင်း ခဏနား အစားတွေအသားကုန်ပြန်စားတာမျိုးဟာ တက္ကသိုလ်
ကျောင်းသားဘ၀တုန်းက လုပ်ခဲ့တာဆိုပေမယ့် နောင်လည်း ဘယ်တော့မှပြောင်းသွားမယ့်အကျင့်မျိုး မ ဟုတ်ပါဘူး။ ဒီတော့ ဒီအကျင့်ကို ပြင်နိုင်မှ ၀ိတ်ချတဲ့ဇာတ်လမ်းကို ဆက်ဖို့စဉ်းစားပါ။ အရက်မသောက်ခင် အစားတစ်ခုခုစားပြီး သောက်တာမျိုးကိုပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သောက်ပြီးပြန်လာတဲ့အခါ အိမ်မှာတွေ့ရာ
တွေ မစားပဲနဲ့ ရေခဲသေတ္တာထဲက အာဟာရဖြစ်မယ့် အစားအစာတွေကို ရွေးချယ်စားဖို့ မမေ့ပါနဲ့။
၎။နေ့လည်စာ မစားပဲနေတာ၊ မနက်စာ မစားပဲနေတာမျိုးတွေ မလုပ်ပါနဲ့။
နေ့လည်စာ မစားတော့ပဲ ညစာပဲစားလိုက်ရင် သင်ဝိတ်ကျသွားမယ်ထင်ပါသလား။ ဒါ ကျန်းမာရေးအတွက် သင့်တော်ကောင်းမွန်တဲ့အချက်တော့ မဟုတ်ပါဘူး။ ဗိုက်ထဲက ဟော်မုန်းဓာတ်တွေဟာ လေးနာရီတစ်ကြိမ် အစာချေဖျက်တာမျိုးတွေ လုပ်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ ဘာမှမစားပဲနေလိုက်လို့ ချေဖျက်စရာမရှိတော့ ဘူးဆိုရင်တော့ အဲ့ဒီဒဏ်နဲ့ သင်ဟာ ဗိုက်ပိုဆာတာမျိုးတွေ၊ ပိုပြီး စားသောက်ဖြစ်တာမျိုးတွေ ကြုံလာရမှာ ပါ။
၅။အဆီဓာတ်ပါတဲ့အစားအစာတွေကို လုံးဝမစားပဲနေခြင်းမျိုးကိုလည်း မလုပ်သင့်ပါဘူး။
အဆီက လူကိုဝစေတယ်ဆိုတဲ့အတွေးနဲ့ အဆီဓာတ်ပါတဲ့ ချိစ်တွေ၊ ထောပတ်နဲ့ ကွတ်ကီးစတာတွေကို မီးဖိုချောင်ကနေ လုံးဝဖယ်ထုတ်ပစ်တာမျိုးတော့ မဖြစ်သင့်ပါဘူး။ ကိုယ်က တန်ဆေး၊ လွန်ဘေးဆိုသည့် အတိုင်း ရှောင်ကြဉ်ရမှာ ဖြစ်ပေမယ့် အဆီဓာတ်ကနေ ရနိုင်တဲ့ ဗီတာမင်အေ၊ ဒီနဲ့ ကယ်ဆီယံဓာတ်တွေရဲ့ အကျိုးကျေးဇူးတွေကိုလည်း ထည့်တွက်ရမှာပါ။
Aureum Online Media

မှတ်ချက်များ