အမေ ရှာပုံတော် ဖွင့်ခဲ့တဲ့ တရုတ် နိုင်ငံသား


တရုတ်နိုင်ငံ၊ ဆီချွန် ဒေသမှာ ရှိတဲ့ အသက် (၃၀) နှစ် အရွယ်ရှိ အမျိုးသား တစ်ဦးဟာ အမေရှာပုံတော် ဖွင့်ခဲ့ ပါတယ်။ မိခင် မေတ္တာကို ငတ်မွတ် ခေါင်းပါးနေတဲ့ ကူအန်ဟာ ထူးခြားတဲ့ အပြုအမူနဲ့ အမေ ရှာပုံတော်ဖွင့်ခဲ့
ခြင်း ဖြစ်ပါတယ်။ သူဟာ လူစည်ကားရာ ပန်းခြံထဲကို သွားရောက်ပြီး အမေ ရှာပုံတော် ဖွင့်ခဲ့ခြင်း ဖြစ်ပါ တယ်။

ပန်းခြံထဲမှာ သူ့ကိုဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် တွေကို ထင်ရှားစွာ ရေးသားတဲ့ ပစ္စည်းတွေကိုကိုင်ဆောင် ပြီး သူ့ရဲ့အမေအဖြစ် လုပ်ကိုင်ပေးမယ့် သူကို ယွမ်ငွေတစ်သန်းပေး သွားမယ်လို့ ကမ်းလှမ်းခဲ့ပါ တယ်။ ယွမ်ငွေ တစ်သန်းဟာ ဒေါ်လာ (၁၆၀၀၀၀) နီးပါးရှိ တာမို့ အလွန် များပြားတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

အမေနေရာကို ၀င်ရောက် လုပ်ကိုင်ရုံနဲ့ ဒီငွေကြေးကို ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကူအန်ဟာ မိခင်မေ တ္တာကို ငယ်စဉ်ကတည်းက ငတ်မွတ်ခဲ့တာမို့ သူ့ရဲ့အမေအဖြစ် ဆောင်ရွက်ရမယ့် သူဟာ ကောင်းမွန်တဲ့ အရည်အချင်းတွေ ပြည့်စုံရမယ်လို့ သတ်မှတ်ထား ပါတယ်။

ကူအန်ရဲ့ အမေအဖြစ် လုပ်ကိုင်မယ့် သူဟာ အနည်းဆုံး အသက် (၅၇) နှစ်ရှိရမှာ ဖြစ်ပြီး ပညာတတ်လည်း
ဖြစ်ရပါလိမ့်မယ်။ ဒါ့အပြင် မူးယစ်ဆေးဝါး သုံးစွဲတဲ့ မှတ်တမ်းလည်း မရှိရပါဘူး။ ဒီလို အရည်အချင်း တွေနဲ့
ပြည့်စုံပါက သူ့ဆီမှာ လာရောက် လျှောက်ထားမှု ပြုလုပ်နိုင် တယ်လို့ ကူအန်က ဖိတ်ခေါ်ခဲ့ပါတယ်။

ကူအန်ဟာ လာရောက် လျှောက်ထားတဲ့ သူတွေထဲက နေပြီးတော့ အမေတစ်ဦးကို ရွေးချယ် ဆုံးဖြတ်သွား မှာ ဖြစ်ပါတယ်။ ပန်းခြံထဲမှာ အမေ ရှာပုံတော် ဖွင့်နေတဲ့ ကူအန်ရဲ့ အကြောင်းကို ဂျူအန်လင်း ဆိုသူက ဓာတ်ပုံရိုက်ပြီး လူမှု ကွန်ရက် ၀က်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ ဂျူအန်လင်းက ကူအန်ကို ဘာကြောင့် အမေရှာပုံတော်ဖွင့်ရ သလဲလို့ မေးမြန်းမှု ပြုလုပ်ခဲ့ပါတယ်။

ဒီအခါ ကူအန်က ကျွန်တော်ဟာ မိဘမဲ့အဖြစ် ကာလကြာရှည် ဖြတ်သန်းခဲ့ရပါတယ်။ ကျွန်တော့်အနေနဲ့ မိခင်တစ်ဦး အလို ရှိနေပါတယ်။ ကျွန်တော့်ရဲ့ အထီးကျန် လှတဲ့ ဘ၀ကို မိခင် တစ်ဦးနဲ့အတူ ဖြတ်သန်း လိုပါတယ်။ နောက်ပြီး ကျွန်တော်ဟာ လက်ထပ်တဲ့ အခါ မိဘမရှိလို့ စိတ်ပျက် အားငယ်မိပါတယ်။ ဒါကြောင့် မိခင်တစ်ဦး ရှာဖွေခဲ့ ရတာ ဖြစ်ပါတယ် လို့ ဖွင့်ဟသွားခဲ့ပါတယ်။

Messenger

မှတ်ချက်များ