ကိုဘာနီမြို့ အရှေ့ပိုင်းတွင် အိုင်အက်စ်တို့ ဓာတုလက်နက်သုံး တိုက်ခိုက်ဟုဆို


တက်ဖီရီ စစ်သွေးကြွများသည် ဓာတုလက်နက်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း အိုင်အက်စ်တို့ကို တိုက် ခိုက်နေသော ဆီးရီးယားနိုင်ငံ ကိုဘာနီမြို့ ကာ့ဒ်တိုက်ခိုက်ရေး သမားများက ပြောသည်။

အိုင်အက်စ်အစွန်းရောက်များ သည် အင်္ဂါနေ့နှောင်းပိုင်းက ကိုဘာနီမြို့ အရှေ့ပိုင်းတိုက်ခိုက်မှု တစ်ရပ်တွင် အဆိပ်သင့် ဓာတ်ငွေ့တစ်မျိုးသုံး၍ တိုက်ခိုက်ခဲ့ကြောင်း ကာ့ဒ်တာဝန်ရှိသူများနှင့် ဆရာဝန်များက ဗုဒ္ဓဟူး
နေ့က ပြောကြားသည်။

သေဆုံးသူများသည် ဒဏ်ရာဒဏ်ချက်များ မရှိဘဲ သေဆုံးနေသည်ကို တွေ့ရကြောင်း၊ အဆိပ်ငွေ့သုံး တိုက် ခိုက်ခြင်း ဖြစ်နိုင်ကြောင်း ကိုဘာနီအခြေစိုက် ကာ့ဒ်ထိပ်တန်း တာဝန်ရှိသူ အိုက်ဆာအဗ္ဗဒူလာက ပြော သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို အိမ်နီးချင်း တူရကီနိုင်ငံသို့ ပို့ဆောင်ကာ ဆေးကုသပေး လျက်ရှိကြောင်း အချို့သောသတင်းများက ရေးသားဖော်ပြသည်။

အီရတ်ဘာ့သ်ပါတီမှ အိုင်အက်စ် အဖွဲ့သို့ အများအပြားဝင်ရောက်လျက်ရှိကြောင်း၊ ယင်းတို့သည် ဓာတု လက်နက်များ အသုံးပြုတိုက်ခိုက်လေ့ရှိ ကြောင်းသတင်းများက ဖော်ပြသည်။

အိုင်အက်စ်အစွန်းရောက်များသည် အီရတ်နှင့် ဆီးရီးယားဒေသ အချို့ကို သိမ်းပိုက်ထားပြီး ယင်းတို့ဒေသ များ၌ အစုအပြုံလိုက်သတ်ဖြတ်ခြင်းနှင့် ခေါင်းဖြတ်သတ်ဖြတ်မှုများ အပါအဝင် ရာဇဝတ်မှုများ ကျူးလွန် လျက်ရှိသည်။

(ပရက်စ်တီဗွီ) | Myanmaalinn

မှတ်ချက်များ