IS နဲ့ ပူးပေါင်းမယ့် ၃ ဦးကို မလေးရှား ရုံးတင်


ဆီးရီးယားမှာ ရှိတဲ့ IS စစ်သွေးကြွတွေနဲ့ သွားရောက် ပူးပေါင်းဖို့ ကြိုးစားတယ် ဆိုတဲ့ မလေးရှား လူမျိုး အမျိုးသား ၃ ဦးကို ဒီကနေ့ ရုံးတင်လိုက်ပါတယ်။

သူတို့ကို ပြီးခဲ့တဲ့ လက ကွာလာလမ်ပူ လေဆိပ်မှာ တူရကီကို ထွက်ခွာမယ့် လေယာဉ်ပေါ် မတက်ခင်ဖမ်း ဆီးခဲ့တာ ဖြစ်ပါတယ်။

သူတို့ ၃ ဦးမှာ ဗိသုကာ တစ်ဦး၊ အင်ဂျင်နီယာ တစ်ဦးနဲ့ စီးပွားရေးသမားတစ်ဦး တို့ဖြစ်ပြီး အဲဒီထဲက တစ်
ယောက်က IS အဖွဲ့ရဲ့ အလံကို သယ်လာတယ်လို့ ဆိုပါတယ်။

အခုလို ဖမ်းဆီးရမှုဟာ အလယ်အလတ် သဘောထားရှိတဲ့ မွတ်ဆလင်နိုင်ငံ အဖြစ် မလေးရှားကို ဂုဏ်ယူ
လေ့ရှိတဲ့ မလေးရှား ခေါင်းဆောင်တွေအဖို့စိုးရိမ် ပူပန်စရာ ဖြစ်ကြောင်း ဘီဘီစီ သတင်းထောက်က ပြော ပါတယ်။

IS စစ်သွေးကြွတွေနဲ့ အဆက်အသွယ် လုပ်တယ် ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးရမိသူ အခုနှစ်အတွင်း မလေးရှား မှာ ၃၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

BBC Burmese

မှတ်ချက်များ