ပြည်သူက မတောင်းဆိုတဲ့ ရွေးကောက်ပွဲ စနစ်တခု ကို ပြောင်းမယ်ဆိုရင် ပြည်သု့ဆန္ဒ ခံယူသင့်တယ်လို့ အ မျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
လာမယ့် ၂၀၁၅ အထွေထွေရွေးကောက် ပွဲမှာ အချိုး ကျကိုယ်စားပြု (ပီအာ) စနစ် ပြောင်းလဲကျင့်သုံးဖို့ လွှတ်တော် မှာ ဆွေးနွေးနေကြ တာဖြစ်ပြီး ဒီစနစ်ကို
ပြောင်း လဲဖို့ ပြည်သူ က တောင်းဆိုတာ မဟုတ် လို့
ရွေးကောက်ပွဲ စနစ် ကို ပြောင်းလဲမယ်ဆိုရင် လူထု ဆန္ဒကောက်ခံသင့်တယ်လို့ ဒေါ်အောင်ဆနုးစုကြည်က ပြောကြားလိုက်တာပါ။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “လက်ရှိကျင့်သုံးနေတဲ့ မဲအများဆုံးရသူနိုင် (FPTP) စနစ်ကြောင့် ပြဿ နာအခက်အခဲ ကြီးကြီးမားမားမရှိဘူးဆိုရင် ရွေးကောက်ပွဲစနစ်ကို မပြောင်းလဲစေချင် ဘူး။ အဓိကကတော့ ဘယ်လို ရွေးကောက်ပွဲစနစ်ကိုပဲ သုံးသုံး ပြည်သူတွေ နားလည်ပြီး လက်ခံတဲ့စနစ်ဖြစ် ဖို့ လိုတယ်” လို့ ပြောပါတယ်။
ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရေးနဲ့ ပတ်သတ်ပြီး ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မ တီက စနစ် ၈ မျိုးပါ အစီရင်ခံစာကို ပြည်သူ့ လွှတ်တော်ကို တင်သွင်းထားပါတယ်။
ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လိုက်လျောညီထွေမှုရှိမယ့် ရွေးကောက်ပွဲစနစ် ပေါ်
ပေါက်လာရေး လေ့လာသုံးသပ်ရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ ကိုယ်စားလှယ် ၁၁ ဦးက
ဆွေးနွေးခဲ့ကြပါတယ်။
DVB

မှတ်ချက်များ