e-cigarettes(လျှပ်စစ်ဆေးလိပ်) ပေါက်ကွဲရာကနေ ကံကောင်းလို့ အသက် မဆုံးရှုံးခဲ့တဲ့ သောက်သုံးသူတစ်ဦး



ကျန်းမာရေး အခြေအနေအရ စီးကရက်ဖြတ်ပြီး e-cigarettes(လျှပ်စစ်ဆေးလိပ်) ပြောင်းသောက် နေတဲ့ အမျိုးသားတစ်ယောက် ကြောက်မက်ဖွယ် အဖြစ်ဆိုးနဲ့ တွေ့ကြုံခဲ့ရပါတယ်။ အင်္ဂလန်နိုင်ငံ ၀ီဂန်မြို့က အသက် ၄၈ နှစ်အရွယ် David Aspinall ရဲ့ လျှပ်စစ်ဆေးလိပ် ဟာ သူ့ရဲ့ ခြေထောက် နားမှာ ပေါက်ကွဲ သွားခဲ့ပါတယ်။

အပူရှိန် လွန်ကဲမှုကြောင့် ပေါက်ကွဲသွားခဲ့တာဖြစ်ပြီး David Aspinall ရဲ့ ခြေထောက် အပြင်သားတွေမှာ ကျည်ဆံ ဒဏ်ရာလို ထိခိုက်သွားပြီး ဆေးရုံမှာ ၉ ရက် တိတိ ကုသခဲ့ရတယ်လို့ သိရပါတယ်။ လျှပ်စစ်ဆေး လိပ် ဟာ David ရဲ့ လက်ထဲမှာ ပူလွန်းလာသောကြောင့် လွှတ်ချလိုက်ရာမှ ခြေထောက်နားမှာ ပေါက် ကွဲသွားခြင်းဖြစ်ပြီး ဒီဒဏ်ရာကို မူလအတိုင်း ကောင်းတဲ့အထိ ကုသဖို့ ၃ နှစ်ခန့် ကြာမယ်လို့ သိရပြီး ကံကောင်းလို့ အသက် မဆုံးရှုံးခဲ့တာဖြစ်ကြောင်း ဆရာဝန်တွေက ဆိုပါတယ်။

မာဆေးဆိုဒ် မြို့က အသက် ၆၂ နှစ် အရွယ်အမျိုးသားတစ်ဦးဟာလည်း သြဂုတ်လက e-cigarrets ပေါက် ကွဲမှုကြောင့် ပထမဆုံး သေဆုံးခဲ့တဲ့ ဗြိတန် လူမျိုး ဖြစ်ခဲ့ပြီးတဲ့နောက် ယခုအခါကတော့ ဒုတိယအ ကြိမ်ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းလို့ ဆိုရမှာပါ။

Trend Myanmar

မှတ်ချက်များ