ကျားအင်္ဂါနှစ်ခု၊ မအင်္ဂါတစ်ခု ပါဝင်သော ကလးငယ်တစ်ဦး ဂွဆေးရုံတွင် မွေးဖွား

ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်သူ့ဆေးရုံတွင် ယောင်္ကျားအင်္ဂါ
နှစ်ခု၊ မ အင်္ဂါတစ်ခု ပါဝင်သော ကလေးငယ် တစ်ဦးကို ယခုလ ၁၀ ရက်နေ့က မွေးဖွားခဲ့သည်ဟု သိရသည်။

ယင်းသို့ မွေးဖွားသည်ကို ဂွမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ နိ ရဥရာသို့ အတည်ပြု ပြောကြားသည်။

“ ဟုတ်ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၁၀ နာ ရီ ၂၅ မိနစ်မှာ မွေးတာပါ။ မိဖတွေကတော့ ဦးရဲပိုင်ထူးနဲ့ ဒေါ်
ဝေေ၀မာ တို့ ဖြစ်ကြပါတယ်။ နေရပ်ကတော့ ဂွမြို့နယ် ရဟိုင်း ကူးတို့ကျေးရွာအုပ်စု ကျောင်းကုန်း ကျေးရွာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ကလေး၏ ကိုယ်အလေးချိန်မှာ ၇ ပေါင်ကျော်ရှိကြောင်း၊ ယခုအ ခါ ကလေးငယ်အား ဆေးကုသနိုင်ရေးအတွက် စစ်တွေရှိ ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနသို့ အကြောင်းကြားတင်ပြထားသည်ဟု သူက ပြောသည်။

(နိရဉ္စရာ- ၁၆ အောက်တိုဘာ ၂၀၁၄) / နေဇော်

မှတ်ချက်များ