IS အဖွဲ့သည် ရေ နံ စိမ်း ရောင်း ရ ငွေ တစ်နေ့ လျှင် ဒေါ်လာ တစ်သန်းရှိ ကမ္ဘာ့ အချမ်းသာဆုံး အကြမ်းဖက် အဖွဲ့ဖြစ်လာ
IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့သည် ရေနံ မှောင် ခိုရောင်း ချမှု၊ ပြန်ပေး ဆွဲမှုနှင့် ခြိမ်းခြောက် ငွေညှစ်မှု တို့မှ တစ်လလျှင် ဝင်ငွေသန်းပေါင်း များစွာ ရရှိသဖြင့် ကမ္ဘာ့ အချမ်းသာဆုံး အကြမ်းဖက် အဖွဲ့အစည်း ဖြစ် လာခဲ့ကြောင်း ကျွမ်းကျင် သူများက အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ အကြမ်းဖက် အဖွဲ့သည် ယခုနှစ် အစောပိုင်းက အီရတ်နှင့် ဆီးရီးယားနိုင်ငံ တစ်ဝန်းရှိ ၎င်းတို့ သိမ်း ပိုက်ထားသော ဒေသ များမှ ထွက်ရှိသည့် ရေနံစိမ်းများကို ရောင်းချခြင်းဖြင့် တစ်နေ့လျှင် အမေရိကန်ဒေါ် လာ၁သန်း ဝင်ငွေရှိကြောင်း အမေရိကန် အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေး အကြီးအ ကဲ ဒေးဗစ် ကိုမာန်က ပြောကြားခဲ့သည်။
IS အဖွဲ့ဟုကျော်ကြားသည့် ယင်း အကြမ်းဖက်အဖွဲ့သည် မသမာသော နည်းလမ်း များနှင့် အခြားအကြမ်း ဖက် အဖွဲ့များထက် ကြွယ်ဝနေခြင်း ဖြစ်ကြောင်း၊ ထိုအ ချက်သည် အမေရိကန်နှင့် မဟာမိတ်နိုင်ငံ များ၏
ငွေကြေး စီးဆင်းမှုကို အဟန့်အတား ဖြစ်စေနိုင်သည့် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း ကိုဟန်က ထပ်
လောင်း ပြောကြားခဲ့သည်။
မြ၀တီ

မှတ်ချက်များ