ISIS အဖွဲ့၏ ယာဉ်တန်းနှစ်ခုကို SAS တပ်ဖွဲ့ဝင် နှစ်ဦးက ကျည်နှစ်တောင့်ဖြင့် တိုက်ခိုက်


ဗြိတိသျှ SAS ( Special Air Service ) တပ်ဖွဲ့ဝင် နှစ်ဦးသည် ကမ္ဘာ့ အစွမ်းထက်ဆုံး AW 50 အမည်ရှိ လက်ဖြောင့် သေနတ်ကို အသုံးပြု၍ အီရတ်နိုင်ငံ အတွင်းရှိ ကျေးရွာတစ်ရွာ အတွင်းသို့ ၀င်ရောက် လာ
သော ISIS စစ်သွေးကြွ အဖွဲ့များ လိုက်ပါလာသည့် ယာဉ်တန်း နှစ်ခုကို ကျည်ဆန် နှစ်တောင့်တည်းဖြင့် ပစ်ခတ် ချေမှုန်းခဲ့ကြောင်း Daily Star သတင်းဌာန က ယမန်နေ့တွင် ရေးသား ဖော်ပြ ခဲ့သည်။

ဗြိတိန် တပ်ဖွဲ့ဝင် များသည် ယခုအခါ အီရတ်နိုင်ငံ အတွင်း ရောက်ရှိနေပြီး ရှေ့တန်း စစ်မျက်တွင် ရောက် ရှိနေသည့် အီရတ် တပ်ဖွဲ့ဝင် များအား စစ်ရေးဆိုင်ရာ လေ့ကျင့် သင်ကြားမှု များကို လုပ်ဆောင် ပေးလျက် ရှိကြောင်း ဗြိတိန် ကာကွယ်ရေး ၀န်ကြီးဌာန က ထုတ်ပြန် ခဲ့ပြီးနောက် အဆိုပါ တိုက်ခိုက်မှု ထွက်ပေါ် လာ ခဲ့ခြင်း ဖြစ်သည်။

ISIS စစ်သွေးကြွ အဖွဲ့က အဆိုပါရွာ အနီးအနားရှိ အရပ်သား များအား တိုက်ခိုက် သတ်ဖြတ်မည် ကို စိုး ရိမ်သောကြောင့် SAS တပ်ဖွဲ့ဝင် များသည် ယင်းကဲ့သို့ ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း Daily Star သတင်းဌာန က ဆက်လက် ဖော်ပြ ခဲ့ကြောင်း သိရသည်။

PyiChitThar

မှတ်ချက်များ