အမျိုးသားတဦး ISIS မှစေလွှတ်လိုက်သည်ဟု ဟစ်ကြွေးလျက် ခွေးမအား ဗလက်ကာယပြုကျင့်

ခွေးမ Layla နှင့် သခင်ဖြစ်သူ Alice Woodruff
အမေရိကန် ပြည်ထောင်စု ကွန်နတ္တိကတ်ပြည်နယ်မှ အယ်လစ်ဝုဒ်ဒရပ်ဖ်ဆိုသူ အမျိုးသမီး၏ ရန်လိုတတ် သည့် Pit Bull အမျိုးအစား ခွေးမအား အိမ်နီးပါချင်း အမျိုးသားက ISIS နှင့် Ebola ရောဂါတို့အကြောင်း
အော်ဟစ်လျက် ဗလက်ကာယ ပြုကျင့်နေသည်ကို တွေ့ရှိ၍ အထိတ်တလန့် ဖြစ်ခဲ့ရသည်။

စိတ်မချမ်းမြေ့ဖွယ်ရာ အဆိုပါကိစ္စသည် လွန်ခဲ့သော ကြာသပတေးနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခွေးပိုင်ရှင် ၀ုဒ်ဒရပ်ဖ်သည် အသက် ၂၂နှစ်အရွယ် ပိုင်နတ်ကျုးလွန်လာသူအား သေနတ်ဖြင့်ချိန်ရွယ်၍ သူမ၏ခွေးအား ကယ်ဆယ်ရန်ကြိုးပမ်းခဲ့သည်။

၎င်းအမျိုးသားသည် စိတ္တဇရောဂါဝေဒနာရှင်ဖြစ်သည်ဟု ယူဆရပြီး ယင်းသို့သေနတ်ဖြင့် ချိန်ရွယ်မှုကိုပင် ဂရုမပြုခဲ့ပေ။ ကြောက်လန့်ထွက်ပြေးခြင်းမရှိသည့်အပြင် ၎င်းသည် ISIS အဖွဲ့ဝင်ဖြစ်ကြောင်းနှင့် အီဘို လာရောဂါကူးစက်ခံနေရသူဖြစ်ကြောင်း အော်ဟစ်ကြွေးကြော်၍ ခုန်ပေါက်ပြေးလွှားခြင်းပင်ပြုခဲ့သည်ဟု ဆိုသည်။

ယင်းအပြင် ၎င်းအမျိုးသားသည် ခရစ်တော်အားဆန့်ကျင်သူဖြစ်သည်ဟုလည်းဆိုပြီး ခွေးပိုင်ရှင်အမျိုးသမီး ကိုပင် ပွေ့ဖက်ရန် ကြိုးပမ်းခဲ့သည်ဟု ကာယကံရှင် ၀ုဒ်ဒရပ်ဖ်ကပြောသည်။

ရဲတပ်ဖွဲ့ဝင်တဦးအချိန်မီရောက်ရှိလာပြီး ၎င်းအမျိုးသားအား မောင်းထုတ်နိုင်ခဲ့သည်။ ထို့နောက် ၎င်းအား ဖမ်းဆီး၍ စစ်ဆေးမှုပြုရန်အတွက် စိတ်ရောဂါဆေးရုံသို့ ပိုဆောင်ခဲ့ကြောင်း သိရသည်။

အသက် ၁၂နှစ်အရွယ် Pit Bull ၏ အောက်၌ ၎င်းအမျိုးသား လဲလျောင်းနေသည်ကို မြင်တွေ့ခဲ့ရစဉ်က သူမ ၏ခွေးက ခြံအတွင်းသို့ ကျုးကျော်လာသူတဦးအား ကိုက်သတ်ခဲ့ခြင်းပေလောဟု ကနဦးက ယူဆခဲ့မိသေး သည်။ သို့ရာတွင် အနီးကပ်ကြည့်မိသောအခါမှ ပေါင်၈၀၀ အလေးချိန်ရှိချိန်းကြိုးဖြင့် ချည်နှောင်ထားသည့် သူမ၏ခွေအား ၎င်းအမျိုးသားက မုဒိမ်းပြုကျင့်နေသည်ကို သိခဲ့ရကြောင်း အဆိုပါအဖြစ်အပျက်ကြောင့် တုန် လှုပ်နေသော ၀ုဒ်ဒရပ်ဖ်က ရဲစခန်းတွင် ထွက်ဆိုသည်။

“ကျမသူ့ကို ဖယောင်းတိုင်နဲ့ ပစ်ပေါက်ပြီး ထွက်သွားဖို့ အော်သေးတယ်၊ သူက သူဟာ ISIS အဖွဲ့ဝင်ဖြစ် တယ်၊ သူမှာ အီဘိုလာရောဂါရှိပြီး ခွေးကိုလည်း အီဘိုလာကူးသွားပြီလို့ ပြောတယ်။”

ယင်းနောက် မစ္စ၀ုဒ်ဒရပ်ဖ် က သေနတ်ယူကာ သတိပေးသည့်အနေဖြင့် သေနတ်တချက်ပင် ပစ်ဖေါက် ခဲ့သော်လည်း ၎င်းအမျိုးသားက လက်ကိုဆန့်တန်းပြီး သူမထံသို့ ချဉ်းကပ်ခဲ့လာခဲ့ကြောင်း၊ ၎င်းသေလျှင် အားလုံးသေမည်ဟု ကြိမ်းဝါးကြောင်း ၀ုဒ်ဒရပ်ဖ်က ပြောပြသည်။

ဝုဒ်ဒရပ်ဖ်သည် သူမကိုယ်တိုင် စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည့် အတွက် ထိုအမျိုးသားအတွက် ဂရုဏာသက်မိသော်လည်း တချိန်တည်းမှာပင် သူမ၏ အသက်အန္တရာယ်အ တွက်လည်း စိုးထိတ်နေခဲ့မိသည်ဟု ဆိုသည်။

၎င်းအမျိုးသား ထွက်ပြေးသွားပြီးနောက် ၂နာရီအကြာတွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းအား တိရစ္ဆာန်ညှင်းပမ်းနှိပ် စက်မှု၊ ဗလက်ကာယမှုနှင့် တည်ငြိမ်အေးငြိမ်းချမ်းမှု ဖေါက်ဖျက်မှုတို့ဖြင့် အရေးယူထားသည်။

ခွေးမ Layla အား ကြိုတင်ကာကွယ်သည့်အနေနှင့် ပဋိဇီဝဆေး ပေးထားပြီးလက်ရှိတွင်ကျန်းမာရေးကောင်း မွန်နေသည်ဟု ဆိုသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ