ပုဂ္ဂလိက အာကာသ ခရီးသွားလုပ်ငန်း အတွက် စမ်းသပ် ပျံသန်းတဲ့ ဗာဂျင်း ဂလဲတစ် ယာဉ် ပျက်ကျ



Virgin Galactic ပိုင် အာကာသယာဉ်ဟာ အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် သဲကန္တာ ရထဲမှာ အစမ်း ပျံသန်းမှု ပြုလုပ်စဉ် ပျက်ကျ သွားတဲ့ အတွက်အာကာသယာဉ်မှုးတစ်ယောက် သေဆုံးပြီး
နောက်တစ်ဦးလည်း အပြင်းအထန်ဒဏ်ရာ ရသွားပါတယ်။

အာကာသထဲကို ခရီးသွား လိုတဲ့ သူတွေဆီက အခကြေးငွေ ယူပြီး ပို့ ဆောင်ပေးမယ့် အာကာသ ခရီးသွား လုပ်ငန်း လုပ်ဆောင်ဖို့ ဒီ Virgin Galactic ယာဉ်ကို ဗြိတိသျှ စီးပွားရေး လုပ်ငန်း ဖြစ်တဲ့ Virgin အုပ်စုက တည်ဆောက် ထားတာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ထဲမှာ လုပ်ငန်း စတင်နိုင်ဖို့ အခုလို စမ်းသပ် ပျံသန်းမှုတွေ လုပ်ဆောင် နေကြတာပါ။ အာကာသ ခရီး ထွက်လိုကြတဲ့ ရာနဲ့ချီတဲ့ သူတွေ ကြိုတင် လက်မှတ် ယူထား ကြပြီးလည်း ဖြစ်ပါတယ်။

ဘီဘီစီ(မြန်မာပိုင်း)

မှတ်ချက်များ